Unicode...
အရင်တစ်နေ့ကဟာနဲ့ မတူတော့တဲ့အမျိုးအစားကွဲပြားတဲ့အရောင်နဲ့ ကားပေါ်က omegaလေးပြုံးယဲ့ယဲ့လေး၊ မျက်ခုံးပင့်လို့ဘေးခုံကိုမျက်စပစ်ပြသည်။
" မင်းကကားတွေစုရတာကိုသဘောကျတယ်ထင်တယ်။ "
" ခင်ဗျားစိတ်ဝင်စားရင်အိမ်မှာလိုက်ကြည့်ချင်လား။ "
" ကိုယ်လား? စိတ်မဝင်စားဘူး။ "
" အဲ့ဒါဆို ဘာကိုစိတ်ဝင်စားလဲ။ "
" အဲ့လိုမျိုးအရာမရှိဘူးထင်တယ်။ "
" ပျင်းစရာကောင်း... "
နှာခေါင်းလေးရှုံ့လို့ ဝေဖန်လာတဲ့ Jiminကို သူဘယ်လိုတုန့်ပြန်ရမလဲမသိ၊ သူစိတ်ဝင်စားတာ Jimin Parktersonဆိုရင်ရော ဘာလုပ်မှာကျလို့။
" ဒီနေ့တော့ သီချင်းလေးလေးကြီးတွေနဲ့မိုးမျှော်တိုက် စားသောက်ပွဲကြီးတွေ ပုံတုံးတုံးcoffee dateကြီးတွေမလိုချင်ဘူးနော်၊ ကျနော်နဲ့မကိုက်ဘူး။ "
" ... "
" ညနေလည်းစောင်းပြီဆိုတော့ကာ ဟီး အရက်သွားသောက်ကြမယ် go go! "
" အရက်သောက်ပြီးရင် ကားမောင်းလို့မရဘူး။ "
" ရပါတယ် Edwards-Jeonကြီးရှိတာဘဲ ကျနော့်ကိုသေချာလေးစောင့်ရှောက်ပေးမှာပါ။ "
" ပစ်ထားခဲ့မှာ "
နေကာမျက်မှန် အနီရောင်လေးကိုဆွဲချကာ သူ့ကိုမခို့တရို့လေး ကြည့်လာသည်။
" လုပ်ရက်လားဟင် "
ကောင်းပြီ၊ သူကတော့ ဒီParktersonသေးသေးလေးကိုမနိုင်ဘူး။
" barတစ်ခုရှိတယ် ဒါပေမယ့်ကျနော့်သူငယ်ချင်းတွေကိုရှောင်ရမယ်၊ နှစ်ယောက်တည်းသောက်မှdateဖြစ်မှာ။ "
" သဘော "
သူဘာမှ အထွန့်တက်နေလို့လည်း ရမှမရတာ။
" မေမေက အသေဆူနေလို့ တွေ့ရတာ၊ ကျနော်ကတွေ့ချင်တာတောင်မဟုတ်ဘူး။ ခင်ဗျားကိုလည်း အားကနာရယ်။ "
" အန်တီကိုနောက်နေ့ကျ ကိုယ်သေချာပြောပေးမယ်။ "
" မပြောပါနဲ့ သူကalphaတွေကိုသဘောကျတာမဟုတ်ဘူး၊ ဒယ်ဒီ့ကိုတောင် အိမ်ကပေးစားလို့ယူလိုက်ရတာ။ "
YOU ARE READING
[JIMIN PARKTERSON @AOB]
RomansaComplete 🍓 " my lovely Jeonရယ် အသည်းကဒီနေကာမျက်မှန်ကြောင့် မီးနီလေးကိုမမြင်လိုက်တာပါ အဲ့တာကအရမ်းသေးတယ်လေ... ခုကားကို ဆွဲတော့မယ်ပြောနေတာ lovely Jeonလာပါအုံး အသည်းရဲ့favလေးကို ယုတ်မာကြတော့မယ် ကားကယောကျာ်းပေးထားတဲ့ချစ်သက်လက်ဆောင်ကြီးနော် " " ကိုယ်...