🍓15🍓

4.3K 482 84
                                    

Unicode...

လက်ဆောင်အိတ်အသွယ်သွယ်နဲ့ Edwards Jeonအိမ်တော်ဆီသွားနေတဲ့ ကားပေါ်တွင်...

" ကျနော်ကအမှန်တော့ လူအိုကြီးတွေနဲ့အရမ်းသဟဇာတဖြစ်တာ ကျနော်တို့မိသားစုကဖိုးဖိုးနှစ်ယောက်ဆိုရင် ကျနော့်ကိုအားကြီးချစ်ဘဲ "

" lovely Jeon ဖိုးဖိုးလည်း မချစ်မှာစိတ်မပူနဲ့ ငယ်ငယ်တည်းကကျနော်နဲ့တွေ့ရင်မချစ်ဘဲနေနိုင်တဲ့လူဆိုတာမရှိဖူးဘူး "

လူအိုကြီးတွေနဲ့အရမ်းသဟဇာတ ... မလုံမလဲဖြစ်နေတဲ့တစ်စုံတစ်ယောက်ကတော့ သူ့ဟာသူချောင်းတွေဟန့်ရင်း အာရုံတွေ‌ပြောင်းနေတော့သည်။

" ငယ်ငယ်ကဆို လူမှုရေးရာပွဲတွေတက်ရင် ကျနော်ကအမြဲ centerဖြစ်ခဲ့တာ အရမ်းချစ်စရာကောင်းလို့လူတွေဝိုင်းတော့လေ နည်းနည်းတော့စိတ်ညစ်ရတာပေါ့ ဒါပေမယ့်မုန့်ဖိုးတွေနဲ့တင်ကျနော်ကဘောစိဖြစ်ခဲ့တာ "

" မင်းငယ်ငယ်ကဘယ်လောက်ချစ်စရာကောင်းလဲဆိုတာ ကိုယ်သိပါတယ် "

" မချစ်ဘဲတောင်မနေနိုင်ဘူးမလား "

" ဘယ်သူပြောလဲ မဟုတ်ပါဘူး "

သူဘယ်လောက်ချစ်စရာကောင်းကြောင်းဂုဏ်ရည်သွေးပြီး ကြွားနေတဲ့ကောင်လေးမှာ မျက်စောင်းကြီးကြီးထိုးလာတော့သည်။ ခင်ဗျားတစ်ချက်မှား‌ဖြေကြည့်လိုက် တစ်နေ့လုံးပြဿနာရှာပြမယ်ဆိုတဲ့ ဒီဇိုင်း။ Jungkookမှာ အနှီပုံစံလေးကိုအသည်းတယားရယ်လိုက်မိပြီး စကားထပ်ဆက်လိုက်သည်။

" ကိုယ်ပေါင်ပေါ်ထိုင်ပြီး သူစားနေတဲ့ချိုလိမ်‌လေးလာထိုးပေးမှ အရမ်းချစ်မိသွားတာ "

" အဲ့တုန်းကဆို မင်းလက်ညိုးလေးတွေက သွားရည်လေးတွေတောင်ပေနေသေးတယ် "

" မဟုတ်ပါဘူးနော်!! "

အော်ဟစ်လာတဲ့ Parktersonလေးကိုကြည့်လိုက်တဲ့အခါ ရယ်လည်းရယ်နေတာမလို့ သေချာပေါက် သူ့အ‌ဖြေကအပေါင်းလက္ခဏာဖြစ်သွားပုံပါဘဲ။

ချန်းမင်နဲ့ကျန်းမင်တို့ ညီကိုနှစ်ယောက်နဲ့က မူလတန်းတည်းက အတန်းဖော်ဖြစ်ခဲ့ကြတာလို့ပြောရမည်။အဲ့နောက်ပိုင်းမှာအနှီးထုပ်‌လေးထဲကနီနီရဲရဲက‌လေး‌ပေါက်စ‌ သူငယ်ချင်းနှစ်ယောက်ရဲ့ညီငယ်လေးကိုတွေ့ဖူးပေမယ့် ထိုကလေးလေးမှာအမြဲတမ်းသူ့ကိုယ်ပိုင်အခန်းထဲကလေးထိန်းတွေနဲ့နေတာမလို့ အများကြီးမထိတွေ့ဖူးပါချေ။ ‌ပြောရရင် သူကိုယ်တိုင်ကကလေးချစ်တဲ့သူမဟုတ် မိသားစုထဲကဝမ်းကွဲတွေကိုတောင် နှစ်ခါပြန်ကြည့်တယ်ဆိုတာမရှိ။ဒါ‌ပေမယ့် အလယ်တန်းတက်‌နေတုန်းတစ်ရက်ကပေါ့ Parktersonအိမ်ကိုအလည်သွားရင်း အဲ့အိမ်ကတစ်ဦးတည်း‌သောomegaသခင်လေးက ဧည့်ခန်းထဲတွင် အိပဲ့အိပဲ့ဖြင့် ဖင်လေးယမ်းကာလမ်းလျှောက်နေသည်။အကြမ်းဖျင်းမျှဆို လမ်းလျှောက်တတ်‌နေပြီးဖြစ်တဲ့သုံးနှစ်ကျော် လေးနှစ်သား‌လောက်။ဘောင်းဘီတိုလေးနဲ့ လည်ပင်းက နက်ကတိုင်သေးသေးလေးကိုကိုက်ကာ ဧည့်ခန်းထဲမှာထိုင်‌နေတဲ့ သူ့ဆီကိုတ‌ဖြေးဖြေးချင်းလျှောက်လာသည်။ ပေါ်နေတဲ့နို့နှစ်ရောင်အသားအရည်လေးများမှာကြည့်ရုံမျှပင် နူးညံ့နေပြီးအရစ်အရစ်တွေတောင်ဖြစ်လို့ ဝကစ်နေသည်။ ကလေးလေးမှာမျက်လုံးတို့ကြည်လင်နေပြီး ပြတိုက်ထဲကမီး‌မောင်းထိုးပြထားတဲ့စိန်ပွင့်လေးအလား အမှန်တကယ်ကိုချစ်စရာကောင်းလွန်းသည်။

[JIMIN PARKTERSON @AOB]Where stories live. Discover now