🍓18🍓

3.8K 400 49
                                    

Unicode...

အချစ်က အနံ့အရသာမရှိတဲ့ဒြပ်တစ်ခုဆိုပေမယ့်
ချစ်ရတာတော့ သိပ်ချိုတာ။

" jimin တိုက်ဆိုင်လိုက်တာ "

" Kan? "

" ဟုတ်ပါတယ်ဗျာ မေ့များသွားပြီလားလို့ "

" မမေ့ပါဘူး "

" ဒါနဲ့ Jiminက ဒီကိုတစ်ယောက်တည်းလာတာလား? "

ဒီbarကို Jiminရောက်နေတယ်လို့ လှမ်းပြောတည်းက ချက်ချင်းပြေးလာတာဖြစ်သည်။ ကောင်တာပေါ်မှာထိုင်နေတဲ့ barထဲကအလန်းဆုံးလေးကိုသိပ်တောင်မရှာလိုက်ရ‌ပေ။

" မင်းအစ်ကိုကိုပြန်မတိုင်နဲ့နော် သူမသိအောင်ခိုးလာရတာ "

" ... "

barထဲက မီးရောင်တွေကဘဲ သူ့ပေါ်ကျမှပိုလှလေသလားမသိပါဘူး ၊ နှုတ်ခမ်းစိုစိုလေးပေါ် လက်ညိုးလေးတင်ပြီး ‌တိုးတိုးလေးပြောတဲ့ပုံက အခါခါထိလို့။

" ပြန်မတိုင်ဘူး နှုတ်ပိတ်ခအနေနဲ့ကျနော်နဲ့တစ်ခွက်လောက်သောက်သွားပါအုံး "

" ရတယ် ထိုင်လေ "

" ဒါက ကျနော့်အသိရဲ့barလေ ၊ ကျနော်ဖျော်ပေးရမလား jiminဘာသောက်ချင်လဲ "

Jiminမှာ Jungkookညီ၀မ်းကွဲဟူသောအသိနဲ့တင် သိပ်သတိမထားခဲ့ ၊ နောက်လည်းဆွေမျိုးတွေဖြစ်လာမည်ဆိုသော အသိနဲ့တင် လက်ခံစကားပြောပေးနေခဲ့သည်။

" သိပ်မပြင်းတာလေး စပ်လိုက်ပါ ၊ ဒီညသိပ်မသောက်ဘူး သူငယ်ချင်းကိုစောင့်နေတာမလို့ ။ "

" ဟုတ်ပြီဗျာ "

Kanကomegaလေးတွေကြိုက်ကြတဲ့ alpha boyfriend material type မျိုးဘဲ ၊ အလိုက်သိပြီး romanticဖြစ်စေသည့်ရက်တိုင်းကိုဖန်ဆင်းပေးတတ်သူမျိုး။

အဲ့ဒါကြောင့်လည်း jiminကိုချဉ်းကပ်တဲ့ခါ အရမ်းယုံကြည်မှုရှိနေသည်။

" သူငယ်ချင်းက omegaလား? "

" ဟုတ်တယ် ၊ဟမ်း သူကalphaရှိပြီးသားနော် ။ "

Jiminက သတိပေးသလိုလေး ပြောလာတာ‌ကြောင့် သူအတည်လိုက်နေတဲ့သူက jiminဆိုတာတောင် ပြောပြချင်သွားသည်။

သူလောက် နေရာစုံသွားပြီး လူမျိုးစုံတွေ့ခဲ့ဖူးတဲ့လူတောင် Jimin Parktersonလို ဘာလေးဘဲလုပ်လုပ်မှော်ဆန်သလိုမျိုး အထပ်ထပ်အခါခါကြည့်ချင်မိတာမျိုး ၊ လုပ်မယူဘဲချစ်ဖို့ကောင်းတာမျိုးမတွေ့ခဲ့ဖူးရိုး အမှန်။သိပ်စိတ်၀င်စားဖို့ကောင်းတာ။

[JIMIN PARKTERSON @AOB]Where stories live. Discover now