🍓10🍓

4.3K 496 74
                                    

Unicode...

ဘဝရဲ့ အချိုဆုံး အပိုင်းက
တကယ်တော့ ရည်းစားထားကြည့်ဖူးတဲ့အခါ
သိလာလိမ့်မယ်။

ဘယ်လိုမျိုးလဲဆိုတော့ ...
နေ့တိုင်းနေ့တိုင်း အာ ရည်းစားလေးနဲ့ပါလားဆိုတဲ့
စိတ်ကလေးနဲ့ နေရတာပျော်လာတာဘဲ။

မရှိတဲ့လူ‌တွေ ဘဝကိုဘယ်လိုဖြတ်သန်းပြီး
အသက်ရှူနေကြလည်းမသိပေမယ့် ကျနော်တော့
အသက်မရှူတာကအောက်စီဂျင်ချွေတာရာ
ရတယ်လို့ထင်တာဘဲ။

" ခင်ဗျားပြောတိုင်း နားထောင်ရအောင် ကျနော့်ကိုဘာထင်နေတာလဲ? "

" အသည်းကို တွေ့ချင်ပြီလေ၊‌စောစောထ ကိုယ်လာခေါ်ရမှာလား ကိုယ့္ဘာကိုယ်လာမှာလား။ "

" မလုပ်နိုင်ပါဘူး ကျနော်အိပ်ယာထချိန်က မနက်10နာရီဘဲ၊ ဘာမှလာမပြောနဲ့။ "

သွားတိုက်နေရင်းဖြင့် ပလုံးပထွေးပြောလိုက်သည်။ ဘေစင်ထဲသို့ သွားတိုက်ဆေးအမြုပ်များ ထွေးလိုက်ပြီး ဟွန့်ခနဲ ဖုန်းထဲရှိတစ်ဖက်လူကို အသံပြုလိုက်သည်။

နားထောင်တာမဟုတ်ဘူး‌နော်၊ကိုယ်လုပ်ချင်တာလုပ်တာ။

" လိမ္မာတယ် "

အံ့ဩဘ ယောကျာ်းတွေများ
အဲ့လို manlyဆန်ဆန် အသံလေးရှိရုံနဲ့
Jimin Parktersonကို
ချော့ပြောလို့ရမယ်ပေါ့လေ။

" lovely Jeonရဲ့အမောပြေဆိုတော့လည်း အရေးကြီးနေတာပေါ့ ဟုတ်တယ်မလား။ "

" ဒါပေါ့ ကိုယ်အလုပ်တွေအရမ်းများတော့ မင်းကိုကြည့်ပြီးဘဲ energyကယူရတာ။ "

" အင်းပေါ့ အသည်းကlovely Jeonရဲ့အသည်းအသက်ကလေးဘဲဥစ္စာ အွန်း အွန်း ဖြစ်သင့်တယ်။ "

မျက်နှာလေးကိုမော့ချ်ီလိုက်ပြီး ကိုယ့်ကိုကိုယ် တိုင်းပြည်ကြီးကယ်တင်ထားတဲ့ လူတစ်ယောက်လိုဂုဏ်ယူနေမိတော့သည်။

" မြန်မြန်လာခဲ့မယ် လာမခေါ်နေနဲ့တော့၊ အိမ်ကlovely dadဝယ်ပေးတဲ့ ကားလေးစမ်းမောင်းချင်လို့။ "

Parktersonလေးမှာ တစ်ကိုယ်လုံးအား အသေးစိတ်ကျကျပြင်ဆင်လိုက်သည်။ Jungkook Edwards-Jeonနဲ့တွဲနေရ‌တာကြောင့် ကလေးဆန်ဆန်ကြီးဖြစ်မနေစေရန် အနက်ရောင်ပြန်ဆိုးထားတဲ့ ဆံပင်များအားအပေါ်သို့လှန်တင်ထားလိုက်ပြီး ခပ်မိမိအနက်ရောင်နေကာမျက်မှန်အား နှာဖျားထက်တင်လိုက်လေသည်။ ရိုးရိုးစင်းစင်း ချည်အပျော့သား လက်ရှည်ရှပ်အကျႌအား fitကျသည့်အနက်ရောင်pantsထဲသို့ထည့်ဝတ်လိုက်သည့်အခါ omegaလေးရဲ့ခါးသွယ်သွယ်ကလေးများ လက်တစ်ပွေ့စာလေးဖြစ်ကြောင်း သိသာနေတော့သည်။

[JIMIN PARKTERSON @AOB]Where stories live. Discover now