🍓12🍓

3.7K 387 25
                                    

Unicode...

" lovely Jeonက မချစ်တော့ဘူးလား အသည်းကို "

" လိမ္မာပါတယ် လိမ္မာတယ်လေ ကားကို‌ဖြေးဖြေးလေးဘဲမောင်းနေတာ "

လီဗာကို အစွမ်းကုန်နင်းလိုက်သော်လည်း Parktersonလေးရဲ့ ကားတွေကိုဂရုစိုက်မှုကြောင့် အင်ဂျင်အကောင်းစားကြီးကစက်သံပင်မထွက်။

တကယ်ဟုတ်ဟုတ်မဟုတ်ဟုတ် ကိုကိုကစကားနားထောင်တယ်ဆိုပြီး လိမ္မာတယ်ထင်ရင် အဆင်ပြေပြီဘဲ။ကျန်တာမလို။

" လုံလုံခြုံခြုံလေးဘဲ ဝတ်ထားတာ၊ ပေါ်တာတွေက lovely Jeonဘဲပြမှာမလို့ စိတ်ချ စိတ်ချ။ "

" ဘယ်မှာညစ်တီးညစ်ပတ်တွေပြောနေလို့လဲ "

" ပေါ်တာတွေက ‌ခြေဖဝါးကိုပြောတာပါ ဖိနပ်စီးထားတော့ဘယ်သူမှ,မှမမြင်တာ "

" အရမ်းမလန်းလာဘူး စိတ်မပူနဲ့ "

ရင်ဘတ်ဟိုက်နေတဲ့ ဆွယ်တာအစိမ်းရောင်လေးဟာ ပွပွယောင်းယောင်းမလို့ ကားအရှိန်နှုန်းနဲ့လေတိုက်နှုန်းနဲ့တွေ့တဲ့အခါ လည်ပင်းသားလေးတွေ၊ပခုံးလေးတွေထိ လှစ်ခနဲလှစ်ခနဲပေါ်နေတတ်သည်။

" အွန်း အွန်း သိပါတယ် ကားကိုဂရုတစိုက်မောင်းပြီး လုံလုံခြုံခြုံလေးနဲ့ ရုံးခန်းထဲကိုတန်းလာရမယ်၊ ပြဿနာမရှာရဘူး ဟုတ်တယ်မလား။ "

Jimin Parktersonလေးမှာ အမှန်တကယ် ပလီပလာ၊ လူရှေ့မှာမရှိနေတာတောင် မျက်လုံးလေးဝေ့ပုံတွေ နှုတ်ခမ်းလေးခပ်ဆူဆူလုပ်ပြပုံတွေဟာ လေတွေသာအသက်ရှိရင် အသည်းများယားကြမလားဘဲ။

" lovely Jeon အသံလေးကြားနေရရင်တောင် လူကချစ်ချင်တာဘဲ ... ဖုန်းကချတော့မှာလား "

ကျွီ!!!!!!

" ဖာခ့်! "

အရှိန်ပြင်းပြင်းနဲ့ သွာစနေတဲ့ကားဖြစ်တာကြောင့် ရုတ်တရတ်ဘရိတ်အုပ်လိုက်ရတဲ့အခါ omegaလေးမှာ ယိမ်းထိုးသွားရတော့သည်။ အစိမ်းရောင်ဆွယ်တာလေးဟာ ပခုံးတစ်ဖက်ပေါ်လျှောခနဲ။

" Jimin Parktersonကို ဒါမျိုးလာလုပ်လို့မရဘူး "

မျက်မှန်ကိုင်းနက်အထူလေးကို တပ်ကာ၊ ပွသွားတဲ့ဆံပင်တွေကိုပြင်လိုက်ပြီးမှ ကားပေါ်ကဆင်းလိုက်သည်။

[JIMIN PARKTERSON @AOB]Where stories live. Discover now