🍓lovely extra🍓

3K 271 56
                                    

လက်ထဲကအလုပ်ကိစ္စဖိုင်တွေကိုချကာ သူ့ကိုတစ်ချက်မျှကြည့်တော့ အသည်းလေးကနှာခေါင်းရှုံ့သည်။

" ယောကျာ်းယူတာမကောင်းပါဘူးလို့ review တွေရှိတာ ယူခဲ့မိတာနောင်တအကြီးကြီးကိုရ "

" ..နောင်တကဘာလို့ အကြီးကြီးတောင်ရရတာလဲ "

ဦးထုပ်လေးအောက်က မျက်လုံးလေးက bombastic side eyesတွေထုတ်လာကာ လူကိုအမြင်ကိုကတ်သည့်နှယ်ပြောလာသည်။

" Jungkook Edwards-Jeonက အကြီးကြီးမလို့ နောင်တ‌ေတာင်အကြီးကြီးရသွားတာပေါ့! "

" ကိုယ်ကဘာလုပ်မိလဲ အသည်းကို "

အလုပ်ကိစ္စကိုအကြည့်ပြန်ရွေ့သွားတော့ မျက်လုံးထောင့်ကနေ မကျေမနပ်ကြည့်နေတာလေးကိုတစ်စွန်းတစ်စမြင်လိုက်ရသည်။

မနက်တည်းက parktersonလေးမှာ lovely Jeonရေ ဒီတစ်ရက်တော့ အသည်းတို့ ကားအသစ်လေးသွားရွေးကျရင်မကောင်းဘူးလားဟု ပလီပလာနဲ့ကပ်ပြောထားတာ။ဒီလူက ခုထက်ထိနေရာကမထဘူး။

အဲ့တာဘဲ မရခင်ဖျာလိုလိပ်ခေါင်းပေါ်တင်
ရပြီးရင်ဖျာလိုခင်းခြေနဲ့နင်း။

" ဘယ်ကိုသွားမလို့ပြင်နေတာလဲ "

" အပြင်သွားမှာ ငယ်ငယ်ရွယ်ရွယ်alphaလေးတွေလဲအများကြီးပါတယ် အရက်လဲသောက်မယ် လာမသွားကျလို့ကတော့ လိုက်သွားမှာ ဘိုင့်ဘိုင်ဘဲ "

" ကိုယ်လိုက်ပို့မယ် "

" နောက်တစ်ယောက်ရှာဖို့သွားမှာပါဆို အိမ်ကယောကျာ်းလိုက်ပို့လို့ရမလား မရဘူး နေခဲ့ အလုပ်လုပ်နေထမလာနဲ့ "

" ကိုယ်ကတော့ လိုက်ပို့မှာဘဲ ဘယ်ကောင်ကကိုယ်နေရာလုရအောင်ချောတာလဲကြည့်ရအောင် "

" ငယ်တယ်လေ အရမ်းကိုငယ်ပြီးချစ်စရာကောင်းတာ သူများတွေကိုအလုပ်သံပတ်ပေးထားတဲ့အဘိုးကြီးမှမဟုတ်တာ "

Parkterson လေးမှာLong coatအညိုရောင်လေးမှာ တစ်ကိုယ်လုံးကိုဖုံးနေလျက် လာပြီးပေကတ်နေပုံက လှုပ်စိလှုပ်စိဖြင့် ဖျစ်ညစ်ပစ်ချင်စရာပင်ကောင်းသည်။

စိတ်ဆိုးနေသောomegaသေးသေးလေးကို ဂုတ်ကနေဆွဲမ‌လိုက်တော့ ယက်ကန်ယက်ကန်ဖြင့်ပါလာပြီး လူလည်းအရိုက်ခံရတော့သည်။

[JIMIN PARKTERSON @AOB]Where stories live. Discover now