Part 5

4.3K 65 1
                                    

ရမ္မက်ဆန်သော ချစ်ခြင်းတရား

အပိုင်း၅

ဆေးရုံတော့တတ်ဖို့မလိုဘူးလို့ ဆရာဝန်က ပြောလိုက်လေသည်နှင့်။
"""မြသား။
မင်းအဆောင်ပြန်မနေနဲ့တော့ ဒီနားမှာကိုယ့်ရဲ့ကွန်ဒိုရှိတယ် အဲမှာသွားနေလိုက်နော်။ """

"""ရှင်"""
ကြားလိုက်ရတဲ့ စကားတွေကြောင့်မြသား ခေါင်းနပန်းတွေပါကြီးကုန်လေသည်။

"""အဆောင်မှာဆိုလူတွေအများကြီးလေ မြသားခြေထောက်ကအဆင်ပြေမှာမဟုပ်ဘူး။ကောင်းမလေးနော် ဘာတွေတွေးနေတာလဲ မသိဘူး။ """
ကိုယ့်ကသဘောရိုးပြောတာကို။

"""မလိုပါဘူး။
မြသားအဆောင်မှာနေရတာဘဲ မြသားပျော်လို့ပါနော်။ အဆောင်မှာဘဲပြန်နေပါရစေ။ """

"""မဖြစ်ပါဘူး မြသားရယ်။
ကိုယ့်စိတ်မချပါဘူး။ မြသားကအဆောင်မှာနေရင် ကိုယ်လာချင်တိုင်းလာတွေ့လို့ရမှာ မဟုပ်ဘူးလေ။ တခုခုဆို ကိုယ့်ဘယ်လိုလာရမလဲ။
မရဘူး•••ကိုယ့်ပြောတဲ့အတိုင်းဘဲ မြသားလုပ်ရမယ် ဒါအမိန့်ဘဲ။ """

မြသားအိမ်တအိမ်ထဲမှာ သူနဲ့နှစ်ယောက်ထဲနေရမည်ကိုတွေးလိုက်ရင်မျက်ရည်များပါ ဝဲလာလေတော့သည်။

"""ဟေ့•••မြသားငိုနေတာလား။
ဒါလောက်လေးကိုများ မြသားရယ် ငိုစရာလားl
ကိုယ့်ပြောတာက မြသားနဲ့သူငယ်ချင်းတွေနဲ့အတူနေခိုင်းမှာပါ။ ကိုယ့်ကတော့ကိုယ်အိမ်ကိုယ့်ပြန်အိပ်မှာပါ ။ ဒီအတွက်နဲ့တော့မငိုပါနဲ့ မြသားရယ် """
ကျနော်မြသားကို ရင်ခွင်ထဲသိမ်းကြုံပြီးဖက်ထားလိုက်လေတော့သည်။

ချက်ချင်းဆိုသလိုဘဲ ရွှေရည်ကိုခေါ်ကာ ကွန်ဒိုကိုပြောင်းလာလိုက်ကြလေတော့သည်။
"""ရွှေရည်။
မြသားကို ဂရုစိုက်ပေးပါနော်။ သူကိုအချိန်မှန်ထမင်းကျွေးပြီး အချိန်မှန်ဆေးတိုက်ပေးပါအုန်းနော်။ ကျနော်မြသားကို ရွှေရည်လက်ထဲစိတ်ချလက်ချအပ်ထားခဲ့မယ်နော် ။ """
အိမ်ပြန်ချိန်ကြလို့ မှာစရာရှိတာတွေ့ကို မနားတမ်းမှာကြားနေလေသည်။

"""စိတ်ချပါ။ကျမသူင်ာချင်းကို ကျမဂရုစိုက်ထားလိုက်ပါ့မယ်။ ကိုစစ်သွေးသာ စိတ်ချလက်ချပြန်ပါ။ """

ရမ္မက်ဆန်သော ချစ်ခြင်းတရားWhere stories live. Discover now