Part 10

3.9K 54 0
                                    

ရမ္မက်ဆန်သော ချစ်ခြင်းတရား

အပိုင်း၁၀

"""ဖျန်း"""
ပါးကိုတချက်ထဲအားပါပါနဲ့ ပစ်ရိုက်လိုက်လေသည်။ တကြိမ်တခါမှ လက်ဖျားနဲ့မှမရိုက်ဘူးတဲ့ သမီးဖြစ်သူကို ပါးရိုက်ဆုံးမပစ်လိုက်လေသည်။

"""မြသားချယ်။
နင့်ဒါဘာအချိူးချိူးတာလဲ ပြောစမ်း ငါ့ကိုl ညည်းက မိဘတွေအကိုတွေထက် ညည်းအကောင်ကိုပိုချစ်ပြနေလိုက်တာများ ။ ညည်းမြင်လား ညည်းအကောင်ဘယ်လောက်မိုက်ရိုင်းလဲဆိုတာ ညည်းသိပြီးသားကိုများ ဒါတောင်ညည်းကစိတ်မနာနိူင်ဘူးလား။ """
ယောင်္ကျားတယောက်ကို မိဘတွေရှေ့မှာတင်သဲသဲလူပ်ကာကွယ်ပေးနေတဲ့ သမီးဖြစ်သူအားပါးရိုက်ကာဆုံးမပစ်လိုက်သည်။

"""ညည်းပြောစမ်း မြသားချယ်။
ဒါဘာအချိူးချိူးတာလဲ။ ညည်းအဲ့အကောင်ကို အဲ့လောက်တောင်ကြိုက်နေတယ်ပေါ့လေ ဟုပ်လား မြသားချယ် •••အမိုက်မ မိဘတွေအကိုတွေကတော့ ညည်းအတွက်နေပူမရှောင်မိုးရွာမရှောငိ ပညာသင်နိူင်အောင်  တနယ်တကြီးမှာ မျက်နှာမငယ်ရအောင် ထားပေးတယ် ။ ဒါကိုညည်းကအခုလို ကျေးဇူးဆပ်လိုက်တာပေါ့လေ ဟု•••ဟုပ်လား။ """
ဒေါ်ခင်ရွှေ သမီးဖြစ်သူကိုဒေါတထွက်ကာ ထိုနေရာတင်မေ့လဲကျသွားလေတော့သည်။

"""အမေ••••အမေ့ ဘာဖြစ်တာလဲဟင်။ """
လဲကျသွားတဲ့ အမေဖြစ်သူကိုလူပ်နိူးလိုက်လေသည်။

"""အမေ•••အမေသတိထားပါအုန်း။
မိထူး•••မိထူး အခုချက်ချင်းဆရာဝန်ကို ဖုန်းဆက်လိုက်စမ်း။ """

ခဏကြာတော့ """ကြီးရွှေက အသက်အရွယ်တခုရောက်လာတော့ ရောဂါတွေက ဝင်လာပြီ။ ဒီကြားထဲမှာမှ သွေးတိုးနဲ့နှလုံးက ရှိနေတော့ အခုလိုဒေါသထွက်တာတို့ မေ့လဲတာမျိူးတို့တော့ ထပ်မဖြစ်စေနဲ့ပေါ့။ ဆရာဆေးတွေပေးခဲ့ပါ့မယ် သိပ်ပြီးစိုးရိမ်နေကြပါနဲ့။ """"

ဆရာဝန်ပြေားစကားကြောင့် မြသားမျက်ရည်လေးတွေကိုကပျာကယာသုပ်လိုက်ရင်း အမေ့အနားကိုကပ်ကာ မေမေ့လက်ကလေးကို ကိုင်လိုက်တော့။

"""ဖယ်ပါ။
ငါ့အနားကိုမလာခဲ့နဲ့ ။ """

"""မေမေရယ် ။
မြသားကို အဲ့လိုတော့မလုပ်ပါနဲ့နော်။ မြသားမှားပါတယ် / နောက်ဆိုမေမေမကြိုက်တာဘာမှမလုပ်တော့ပါဘူးနော်။ မြသားကိုခွင့်လွှတ်ပေးပါနော်•••ခွင့်လွှတ်ပါနော် ။ """
အမေဖြစ်သူလက်ကိုအတင်းဆွဲကိုင်လိုက်ပြီးမျက်ရည်များကြားက မေမေကိုအသနားခံလိုက်လေတော့သည်။

ရမ္မက်ဆန်သော ချစ်ခြင်းတရားWhere stories live. Discover now