ရမ္မက်ဆန်သော ချစ်ခြင်းတရား
အပိုင်း၁၆
သူမရဲ့လက်ကောက်ဝတ်ကို ခက်တင်းတင်းဆုပ်ကိုင်ထားလိုက်ပြီး သူမရုန်းမရအောင် အတင်းဆွဲထားလိုက်ကာ ကားကိုတလကြမ်းမောင်းထွက်လာခဲ့လေသည်။ တလမ်းလုံး ဘယ်သူမှဘာမှမပြောကြလို့ ကားတစီးလုံး တိတ်ဆိတ်ငြိမ်သက်နေလေသည်။
ကျွီခနဲ့နေအောင် ကားကိုခြံထဲ အတင်းမောင်းလာလိုက်ကာ ။ သူမလက်ကိုခက်ကြမ်းကြမ်းဆောင့်ဆွဲလိုက်လေတော့။
"""မင်းဆင်းခဲ့ မြသားချယ် ။ """
သူမလက်ကိုဆွဲကာတလျှောက်ဘဲ အိမ်ပေါ်ကအခန်းထဲထိရောကိအောင် ဆွဲခေါ်လာလိုက်လေသည်။"""မင်းသွားစမ်း ။ """
သူမကိုယ်လုံးလေးကို အခန်းထဲရောက်သည်နှင့် ပစ်တွန်းပစ်လိုက်လေသည်။"""အား """
လက်ကောက်ဝတ်တခုလုံးလည်း ညိုမဲနေလေပြီ။ ဒါအပြင် သူအရှိန်နဲ့စောင့်တွန်းလိုက်လို့ ကုတင်စောင်းနဲ့ ကျမနဖူးလေး တိုက်မိသွားလေကာ နဖူးလေးသွေးစိုနေလေသည်။"""မင်းပြောစမ်း မြသားချယ်။
ငါ့ဘာအမှားတွေ လုပ်မိလို့ မင်းဒီလောက်ကြီးအထိ ငါ့အပေါ်ကို ရက်စက်နိူင်ရတာလဲကွာ ။
ငါ့ကမင်းကို အရုပ်လေးတယောက်ကို ချစ်မိတဲ့ ငလေးတယောက်လို သူများလက်ထဲပါသွားမှာ ဆိုးလို့ ခိုးယူခဲ့တာလေး တခုဘဲရှိတာပါ ။ """
သူမနဲ့အတူကြမ်းပြင်အောက်မှာ ထိုင်လိုက်လေကာ သူမနဲ့မျက်နှာချင်းဆိုင်အနေထားဖြင့် သူမကိုယ်လုံးလေးအား လူပ်ရမ်းကာ မေးလိုက်လေတော့မှ။"""ဟင် !
မြသား•••မင်းရဲ့နဖူးမှာ သွေးတွေနဲ့ပါ့လား ။
ဟာကွာ ခဏကကိုယ့်တွန်းလိုက်လို့ ခိုက်မိသွားတာနဲ့တုပါတယ်ကွာ။ """"""ဖယ်ပါ ။
ကျမအသားကိုမထိပါနဲ့ ။ """
ကျမနဖူးက စို့နေတဲ့ သွေးလေးတွေကို သုပ်ပေးဖို့လုပ်နေတဲ့ သူလက်တွေကိုတွန်းပစ်လိုက်လေကာ ငြင်းဆန်လိုက်လေတော့သည်။"""မြသားရယ်။
ဆေးခန်းသွားရအောင်နော် ။ တော်နေကြာ ပိုဆိုးနေမှဖြင့် ဒုက္ခရာက်နေမယ်နော် ။ လာပါကွာ ။ """"""ကျမရဲ့အသားကို ရှင့်ကိုမထိနဲ့လို့ ဘယ်နှစ်ခါပြောရမလဲ ။ """
သူရင်ဘတ်ကိုစောင့်တွန်းပစ်ရင်း အော်လိုက်လေတော့မှ။
YOU ARE READING
ရမ္မက်ဆန်သော ချစ်ခြင်းတရား
Romanceဆိုးသွမ်းရက်စက်ပြီး မိုက်ရူးရဲဆန်တဲ့ ကောင်လေးနဲ့ အေးတိအေးစက်နိုင်တဲ့ ကောင်မလေးတို့ရဲ့ တက္ကသိုလ် ရိုမန်အချစ်ဇာတ်ကြမ်းလေးပါ။