Part 6

4K 59 4
                                    

ရမ္မက်ဆန်သော ချစ်ခြင်းတရား

အပိုင်း၆

"""မျမသား။
ကျနော်ကိုထိုင်ခွင့်ပြုပါနော်။ """
ကန်လ်တင်မှာထိုင်ပြီး ထမင်းစားနားနေတဲ့ မြသားတို့ဝိုင်းမှာဝင်ထိုင်ခွင့်တောင်းလိုက်လေသည်။

"""ကိုနေသွေး ။"""
ဘုရား•••ဘုရားကိုနေသွေး မြသားတို့ဝိုင်မှာလာထိုင်ပြီးစကားပြောနေတာကိုသာ စစ်သွေးမြင်ရင် မြသားကိုအကြီးအကျယ်ပြသာနာရှာလိမ့်မယ်။မဖြစ်ဘူး•••မဖြစ်ဘူး။

"""ကိုနေသွေး•••မြသားတောင်ပန်းပါတယ်နော်။ ဖြစ်နိူင်ရင်ဒီကိုခဏခဏမလာပါနဲ့လားရှင်။ ကိုနေသွေးအခုလိုသာ မြသားအနားရောက်နေတာ သူသိလို့ကတော့ မလွယ်ဘူး။"""

"""ဘာလဲ•••မြသားကကြောက်လို့လား။
စစ်သွေးကိုကြောက်ဖို့မလိုပါဘူး။ကျနော်လည်း လူပျိူလူလွှတ်တယောက်ဘဲလေ မြသားကိုကြိုးစားပိုင်ခွင့်l ချစ်ပိုင်ခွင့်ရှိပါတယ်။ """

"""ရှင့်"""
ကြားလုိက်ရတဲ့စကားလုံးတွေကမယုံကြည်နိူင်စရာပါဘဲ ။ ကိုနေသွေးဘဲ သတ္တိကောင်းတာလားတော့မသိဘူး။ ဒီအကြောင်းတွေကိုသာ စစ်သွေးသိလိုကတော့ ဖအေတူမအေကွဲညီအကိုတွေ မြသားကြောင့် စစ်ဖြစ်လိမ့်မယ်။မြသားအမှန်ပြောရရင် နေစဉ်နဲ့အမျှ စစ်သွေးနီကြောင့် ရင်တုန်နေရလေပြီ။

"""မြသားကို ကျနော်ချစ်တယ်။
ကျနော်ကိုလည်း စစ်သွေးလို့ဘဲ ဖြစ်ခွင့်ပေးပါလား။"""
ကျနော် သူမလက်ကလေးကိုဆုပ်ကိုင်လိုက်ပြီး သူမမျက်နှာလေးကိုစေ့စေ့ကြည့်ပြီး ဖွင့်ပြောလိုက်လေသည်။

"""ကျမကို အဲ့လိုမလုပ်ပါနဲ့ ကိုနေသွေး။ """
သူလက်တွေကို အတင်းခါချလိုက်ပြီး မတ်တပ်ထရပ်လိုက်လေကာ လေသံမာမာနဲ့ငြင်းဆန်လိုက်လေသည်။

"""မြသား•••ကိုယ့်ရှင်းပြပါရစေအုန်း။ """

"""ရှင့်ထွက်သွားလိုက်ပါတော့ ကိုနေသွေး။
မဟုပ်ရင် နောက်မှမြသား အဆိုမဆိုနဲ့နော်။ မြသားတောင်ပန်းနေတာပါ။ """

"""ကောင်းပါပြီ•••မြသား။
မြသား သွားဆိုလို့ကိုယ်သွားတာနော် ။ ကိုယ်မနက်ဖြန်ပြန်လာခဲ့မယ် ။"""
စားပွဲပေါ်မှာတင်ထားတဲ့ မျက်မှန်ကိုကောက်တတ်လိုက်လေကာ မြသားကိုနူတ်ဆတ်ပြီး ထိုဆိုင်ထဲက ထွက်လာလိုက်လေတော့သညိ။

ရမ္မက်ဆန်သော ချစ်ခြင်းတရားWhere stories live. Discover now