Part 9

3.6K 55 1
                                    

ရမ္မက်ဆန်သော ချစ်ခြင်းတရား

အပိုင်း၉

"""မြသားချယ် """
အိမ်ထဲကို ခိုကြောင်ခိုဝှက်နဲ့ဝင်လာတဲ့ မြသားကို ကျနော်အော်ခေါ်လိုက်လေသည်။

"""မြသားချယ်။
ဒါဘယ်ကပြန်လာတာလဲ ။ """

ဧည့်ခန်းထဲမှာ ကိုကိုရော မေမေရောရုပ်တည်ကြီးတွေနဲ့ မြသားအားကြည့်နေကြတော့ မြသားဘယ်လိုပြန်ဖြေလို့ဖြေရမှန်းမသိတော့တာနဲ့ မြသားကျောက်ရုပ်ကလေးလို ရပ်ကာစဉ်စားလိုက်ပြီးမှ။
"""ဟို•••ဟိုလေ သူငယ်ချင်းအိမ် ခဏအလည်သွားတာပါ။ """

"""ဘယ်သူငယ်ချင်းလဲ။
သီရီလား ။ ကြယ်စင်လား ဘယ်သူငယ်ချင်းအိမ်ကိုပြောတာလဲ။ """
သူငယ်တန်းကနေ အထက်တန်းထိသူငယ်ချင်းတယောက်မှမရှိတဲ့ ညီမလေးက သူငယ်ချင်းအိမ်သွားတယ်ဟု လိမ်ပြောလို့ကျနော်အရွဲ့တိုက်မေးလိုက်လေသည်။

"""ကြည့်စမ်း •••မြသားချယ် """
ကျနော် သူမရှေ့မှာရှိတဲ့စားပွဲပေါ်ကို ဓာတ်ပုံတွေပစ်တင်ပေးလိုက်လေသည်။

"""ဟင်•••"""
ုမြသားနဲ့စစ်သွေးတို့ ဘုရားပေါ်မှာလက်ချင်းချိတ်ကာပျော်မြုးနေတဲ့ ဓာတ်ပုံတွေ။ ဘယ်ကဘယ်လို လုပ်ပြီး ဒီပုံတွေကိုကိုဆီရောက်နေတာလဲ မြသားမသိတော့ချေ။

"""မြသား•••အမိုက်မ ။
အကိုဖြစ်သူကတော့ ညီမလုပ်သူအတွက်ပွဲရုံကနေ တကူးတကတခေါက်ပြန်လာပြီ သူကြိုက်တဲ့မြှီးရှည်ဝယ်လာပေးတယ်။ နင့်ကတော့ အမေဖြစ်သူကိုလိမ်ပြီး ဒီလူဆိုးလူမိုက်နဲ့ ခိုးတွေ့နေတယ်ပေါ့လေ ဟုပ်လား ။ """
မြသားပုခုံးလေးကိုကိုင်ကာ လူပ်ရမ်းပြီးမေးလိုက်လေသည်။

"""ပြောစမ်းပါ မြသားရယ်။
အရင်ကရိုးရိုးအေးအေးလေးနဲ့ ငါ့ညီမလေးက အခုဘာမဟုပ်တဲ့ အကောင်အတွက်နဲ့ တခါမှမလိမ်ဘူးတဲ့ အမေကိုတောင် လိမ်တယ်ဆိုတော့ ။ ညည်းအကောင်က ငါ့တို့ထက်ပိုတန်ဖိုးထားနေလို့လား မြသားရယ် ။ """

"""မဟုပ်ပါဘူး•••ကိုကိုရယ်။
အဲ့လိုသဘောမဟုပ်ပါဘူး။ ကိုကုိနဲ့မေမေကသာ မြသားအတွက် တန်ဖိုးလည်းရှိပါတယ် အလေးလည်းထားပါတယ်။ """

"""ဒါဆို သမီးဘာလို့အဲ့အကောင်ကို သွားတွေ့ရတာလဲ အမေကိုပြောစမ်း။ """

ရမ္မက်ဆန်သော ချစ်ခြင်းတရားOnde histórias criam vida. Descubra agora