Part 7

3.8K 59 2
                                    

ရမ္မက်ဆန်သော ချစ်ခြင်းတရား

အပိုင်း၇

မြသား သူဆီမှာလည်းမနေချင်တော့တာရယ် ခြေထောက်ကလည်းပြန်ကောင်းနေပြီးထင်လို့သူ့အိမ်မှာမနေတော့ဘဲ ညတွင်းချင်းဘဲ အဆောင်ကိုချက်ချင်းပြန်ပြောင်းလာလိုက်လေတော့သည်။

"""ရှင့်။
ကိုကို•••ဒီကိုဖုန်းဆက်တယ်
ဟုပ်လား အန်တီမြ"""
စစ်သွေးနီ ဒေါထွက်ပေါက်ကွဲတုန်းက မြသားဖုန်းကိုရိုက်ခွဲပစ်လိုက်လို့ ဖုန်းကသုံးလိုမရတော့လို့ အိမ်ကိုဖုန်းမဆက်တာကို ကိုကိုစိတ်ပူပြီးအဆောင်ကို ဖုန်းဆက်တာထကင်ပါတယ်။

"""ညည်းကနေချင်းညချင်းပျောက်သွားတော့ ငါ့လည်းဘာပြောရမှန်းမသိတာနဲ့ ဒီအဆောင်မှာညည်းမနေတော့ဘူးလို့ ပြောလိုက်လို့ ညည်းအကိုစိတ်ပူပြီးဖုန်းချသွားလေရဲ့။ """

အဆောင်ပိုင်ရှင် အန်တီမြစကားတွေကြောင့် မြသားစိတ်ညစ်သွားရလေပြီ။ ကိုကို ကိုလည်းဘယ်ရှင်းပြရမှန်းတောင်မသိတော့ချေ။ မြသားရူးချင်ပါပြီ။

"""ရုပ်လေးနဲ့မှမလိုက်အေ။
ကောင်းလေအိမ်မှာ အတူသွားနေပြီးတော့မှ အခုမှဘာပြန်လုပ်တာလဲမသိဘူး ။ """

"""ဘာပြန်လုပ်ရမှာလဲဟာ။
ဟိုကလိုချင်တာရသွားလို့ ကန်ထုတ်လိုက်လို့လားမှမသိတာ။ နင့်တို့လည်း စစ်သွေးနီအကြောင်းသိနေတာကို အဲ့လိုလူမျိူးက ဘယ်မိန်းမကိုအတည်တွဲလို့လဲ ။ """

အဆောင်တခုလုံးကလည်း မြသားကို မျက်လုံးစိမ်းကြီးတွေနဲ့ဝိုင်းကြည့်နေကြကာ တီးတိုးကဲ့ရဲ့ရှူတ်ချနေကြလေပြီ။အံကိုကြိတ်ကာ မြသားကိုကဲ့ရဲ့ရှူံးချနေတဲ့ သူတို့တတွေကို မမြင်ချင်ယောင်ဆောင်ပြီး အိပ်ခန်းထဲကိုသာ ပြေးဝင်လာလိုက်လေတော့သည်။

"""မြသားရယ်။
စိတ်မကောင်းမဖြစ်ပါနဲ့l သူ့တို့မသိလို့ပြောတာဘဲဟာ မငိုပါနဲ့တော့နော်။ နင့်ရောငါ့ရောအမှန်တရားတွေကို သိနေတာဘဲလေ။ တခြားသူတွေသိဖို့ လိုက်ရှင်းပြနေဖို့မလိုပါဘူး။ """
ကလေးတယောက်လို ရှိူက်ကြီးတငင်ငိုနေတဲ့မြသားကို ခေါင်းလေးကိုပွတ်ကာ ရွှေရည်ချော့ကာ အားပေးနေလေသည်။

ရမ္မက်ဆန်သော ချစ်ခြင်းတရားWhere stories live. Discover now