ရမ္မက်ဆန်သော ချစ်ခြင်းတရား
အပိုင်း၁၈
ထမင်းစားခန်းထဲ မြသားချယ်ဝင်လာတာ မြင်လိုက်တာနဲ့ ကျနော် ကကြိုးအနားကိုကပ်ကာ။
"""ကကြိုးထည့်စားလေး ။
ဒီနေ့ ကကြိုးအကြိုက်တွေဘဲ ချက်ခိုင်းထားတာ ။
ဒါလေးက ငါးဖယ်ချဉ်စပ်သုပ်ကလေးလေ ကကြိုးကြိုက်တယ်ဆိုတာ သိလို့ ကိုယ့်တကူးတကကိုလုပ်ခိုင်းထားတာ ။ """
ကျနော် မြသားရှိနေမှန်းသိလို့ ကကြိုးနားကိုကပ်ကာ ဂရုစိုက်ကြင်နာပြလုိက်လေသည်။"""ဟယ် !
စစ်သွေးရယ် ကကြိုးအကြိုက်တွေကို အခုထိမှတ်မိနေသေးတယ်နော်။ ကကြိုးသိပ်ပျော်တယ် သိလား ။ """
ကျမ ကိုစစ်ရဲ့ပါးလေးကိုအကြင်နာဖွဖွလေးကပ်ကာ မယာအပြည့်နဲ့ မြူစွယ်ဖျားယောင်လိုက်လေတော့သည်။"""ကကြိုးကလေ ကိုစစ်က ကကြိုးကိုအရင်လို ဂရုမစိုက်တော့ဘူးဆိုတဲ့ အတွေးနဲ့ဝမ်းနည်းနေရတာ အခုတော့ ပျော်သွားပြီ သိလား ။
ကိုစစ် မနက်စာစားပြီးရင် ကကြိုးကို Shoppingလိုက်ပို့ပေးပါလား •••နော်•••နော်လို့ ။ """ကကြိုးကို Shoppingလိုက်မပို့ချင်ပေမဲ့လည်း မြသားရှိနေလို့ သူမသဝန်တိုအောင် လုပ်ပြချင်တာမို့မငြင်းတော့ဘဲ။
"""ကကြိုးလေးရဲ့ အမိန့်တော်အတိုင်းဘဲ ကျနော်နာခံပါ့မယ် ။ """
မြသားသူတို့အတွက် အချိူးတည်းဖို့ ပန်သီးခွဲနေတာမို့မမြင်ချင်ယောင်မကြားချင်ယောင်ဆောင်နေသော်လည်းမရ ။ သူတို့တတွေ့ရဲ့စကားသံတွေ ကျမနားထဲအလိုလို ဝင်လာလေကာ ရင်ထဲမှာရှိူက်ရှိူက်ပြီး ငိုချင်လာတယ် ။ ဒါဟာ ကိုယ်ဝန်ဆောင်မိန်းမသားတွေမှာ ဖြစ်လေ့ရှိတဲ့ အားငယ်ဝမ်းနည်းစိတ်လား ။ သူကိုဆုံးရှူံ းရမှာမို့ ဝမ်းနည်းတာလည်း မသိတော့ပေ ။
"""အား """
အတွေးတွေလွှင့်ပျံနေတာမို့ လက်ထဲကဓားကိုမေ့သွားလေသောကြောင့် လက်ညိုးလေးကို ခြစ်မိသွားလေသည်။"""မြသား •••"""
စိတ်ထဲကမရဲတရဲခေါ်လိုက်ပေမဲ့ လက်တွေ့မှာတော့ ကျနော်စိတ်ကိုကျနော်ထိန်းကာ ကကြိုးလက်ကိုကိုင်ဆွဲပြီး သူမအားမမြင်ချင်ယောင်ဆောင်ကာ ထွက်လာလိုက်လေတော့သည်။
YOU ARE READING
ရမ္မက်ဆန်သော ချစ်ခြင်းတရား
Romanceဆိုးသွမ်းရက်စက်ပြီး မိုက်ရူးရဲဆန်တဲ့ ကောင်လေးနဲ့ အေးတိအေးစက်နိုင်တဲ့ ကောင်မလေးတို့ရဲ့ တက္ကသိုလ် ရိုမန်အချစ်ဇာတ်ကြမ်းလေးပါ။