part 1

1K 92 30
                                    


"အယ်ငါတို့အိမ်ခေါင်မိုးကြီးခိုးခံရတာလား
ဟာလာဟင်းလင်းကြီး ကောင်းကင်ကြီးလဲမြင်နေရတယ် ငါ့အိမ်ခေါင်မိုးဘယ်ကောင်ခိုးတာလဲကွ"

"မဟုတ်ပါဘူးကွာ မင်းဘာသာ၀ရံတာရောက်နေတာ လာပါကွာ လာပါ အိမ်ထဲ၀င်ရအောင်"

"ငါ၀ရံတာထွက်မလာမိပါဘူး ဧည့်ခန်းထဲကဆိုဖာမှာ  TV ကြည့်နေတာလေ"

"အေး မင်းအညောင်းပြေအညာပြေဆိုပြီး
ကြည့်နေရင်းလမ်းထွက်လျှောက်တာ "

"အော်..."

အိမ်ခေါင်မိုးခိုးခံရပါပြီဆိုပြီးသောင်းကျန်းမိလို့ရှက်ချင်ပေမယ့်
ဒီလိုအဖြစ်အပျက်တွေကမဆန်းတော့။
ဖြတ်သန်းလာရတဲ့ နှစ်ပေါင်း 20ကျော်မှာ
ဒါမျိုးအဖြစ်အပျက်တွေကတော့ ၁နေ့ ၆ခါထက်မနဲဖြစ်တက်သည်။ သို့သော်  Build ကအမြဲအကောင်းမြင်တတ်တဲ့ စိတ်နဲ့ပဲနေသည်။

တစ်ခါတစ်ရံအားငယ်မိပေမယ့်ဒီကမ္ဘာမှာသူ့ထက်ဆိုး၀ါးတဲ့လူတွေအများကြီးပဲမလား...။

"မင်းဘေးနားအမြဲနေပေးမယ့်လူတစ်ယောက်လောက်ရှိရင်ကောင်းမယ်ထင်တယ်"

ထိုစကားကိုကြားတော့ Build ကသူ့ထုံးစံအတိုင်းခပ်ဟဟသာရီလိုက်သည်။

"ဘယ်သူကနေပေးချင်မှာတုန်း ဒီနေ့မနက်စာစားပြီးလားမစားရသေးဘူးလားတောင်မသိတဲ့လူဘေးနားကို"

ဒီကိစ္စအကြောင်းကိုဖိမပြောချင်ပေမယ့်လဲ ထိုသို့ပြောမှသာရှင်းရှင်းလင်းလင်းမြင်နိုင်မှာမို့ တမင်ဥပမာပေးလိုက်သည်။

"အော်..ဖူးစာတို့ရေစက်တို့ဆိုတာပြောမရဘူးလေ
မင်းအဲ့ဘက်ကိုလဲယုံသင့်တယ်"

"တော်ပါ..ငါ့ဟာငါတစ်ယောက်ထဲလဲရပါတယ်
ဒါနဲ့ ငါ  TV remote လေးဘယ်နားထားမိတာလဲ"

"ကဲကြည့်မြင်လား nurseဖြစ်ဖြစ် အိမ်အကူဖြစ်ဖြစ်ငှားမလား"

"မင်းကလဲ သတင်းစာတွေထဲမှာ အိမ်အကူကဓါးထောက်တယ်တို့ အိမ်ရှင်ကမဖွယ်မရာလုပ်တယ်ပြောပြီး ငွေညစ်တယ်တို့ မကြားဖူးဘူးလားဟင်!
ငါ့ဟာငါလေး မေ့နေတာမှ အလွန်ဆုံးရှိ ခုလို TV remoteပျောက်တဲ့ပြသာနာလောက်ပဲရယ်
အကူယူလိုက်မှ ဘ၀ကသောက်ပြသာနာတွေတက်ကုန်အုန်းမယ်မလုပ်ပါနဲ့
ပြီးတော့မင်းစဥ်းစားကြည့် ငါ့ဘ၀မှာချောချောချူချူဖြစ်သွားတယ်ဆိုတဲ့ကိစ္စမျိုးဘယ်နှစ်ခါရှိလဲ"

Please Don't forget about me (Completed) Where stories live. Discover now