"အရီး ဒီသံပုရာသီးတွေကအစစ်လား ရှောက်သီးနဲ့မျိုးရောထားတာမျိုး မဟုတ်ဘူးမလား"
ဒုတိယမြောက်ဈေးဝယ်တဲ့နေ့မှာတော့ Bible ကကိုယ်တိုင်ပေါ်တင်လိုက်လာခဲ့သည်။ လမ်းပျောက်ပြီး ရဲစခန်းရောက်ရတဲ့အခြေအနေက သူ့အတွေးပုံရိပ်ထဲမှာစွဲကျန်နေသည်။
စခန်းအလည်မှာ မျက်ဝန်းဝိုင်းဝိုင်းလေးတွေကအရည်လဲ့ကာ သူလာခေါ်တာကိုမျှော်နေသယောင်ယောင်ဖြစ်နေတဲ့မျက်နှာလေးကိုပြန်မြင်ယောင်ရရင်ဖြင့် ရင်ထဲတစ်ဆစ်ဆစ်။
သူ၏ဘ၀မှလဲမလွယ်လှ။အရိပ်ကလေးမမြင်ရရင်ကို ရင်ထဲကထိုးထိုးအောင့်သည်။ ဖြစ်နိုင်ရင်ကလေးများလို ကျောပိုးကာထားချင်သည်။
အိမ်ဘေးနားမီးလောင်ရင်တောင် laptopတစ်လုံးထဲကောက်ယူကာအေးအေးလူလူဖိနပ်စီးတက်သည့်သူရဲ့နဂိုစိတ်အေးအေးထားတက်တဲ့အမူအကျင့်မှာအစကိုရှာမရတော့။
ဒါပေမယ့်လဲအိမ်မီးလောင်တာနဲ့နှလုံးသားလေးမီးလောင်တာနဲ့ကမတူကွဲပြားတဲ့ကိစ္စ၂ခုမို့သူ့ကိုယ်သူနားလည်ခွင့်လွှတ်ထားပါသည်ပေါ့လေ။
ပြောရရင်သူဒီကိစ္စတွေဟာဘယ်ကနေဘယ်လိုစတင်ဖြစ်လာတာလဲတော့မသိချေ။သူအသိစိတ်ဝင်လာတဲ့အချိန်သူဟာ
အိမ်ပိုင်ရှင်ရဲ့အနားမှာသာနေချင်သည်။
အိမ်ပိုင်ရှင်ရဲ့အငွေ့အသက်များရှိသည့်နေရာသည်သာသူ့အတွက်သက်တောင့်သက်သာဖြစ်သည်။
အိမ်ပိုင်ရှင်လိုအပ်သမျှကိုဖြည့်ဆည်းပေးချင်သည်။
အိမ်ပိုင်ရှင့်လက်ကလေးကိုကိုင်ကာနေ၀င်တဲ့အလှကိုကြည့်ချင်သလိုအိမ်ပိုင်ရှင့်မျက်နှာကြည်ကြည်ကလေးနဲ့နေထွက်တဲ့အချိန်အတူနိုးထလာချင်သည်။
အိမ်ပိုင်ရှင်ရဲ့အပြုံးတွေကနွေဦးရောင်ခြည်လေးလိုနွေးထွေးပြီးရီသံလွင်လွင်ကစိတ်ပင်ပန်းမှုတွေကိုချေဖျက်ပေးသည့် ဆောင်းနှင်းပွင့်အေးအေးကလေးနဲ့တူသည်။
ယုတ်စွအဆုံး Lana Del Reyရဲ့ Young and beautifulထဲက lyrics တစ်ခုဖြစ်တဲ့
Dear Lord when I get to heaven, please let me bring my man ဆိုသလိုမျိုးပေါ့လေ။