နှင်းများတစ်ဖွဲဖွဲကျလောက်သည်အထိမအေးပေ
မယ့် မနက်ခင်းပိုင်းဆိုတော့ ကောင်းကင်မှာ မြူအနည်းငယ်ဝှသေီ့နေသည်။ အပြင်လောက ကတော့တိတ်တဆိတ်ရှိနေပေမယ့် လူ၂ယောက်ပဲနေတဲ့ အခန်းတစ်ခန်းကတော့ ဆူဆူညံညံနဲ့ ခြေမကိုင်မိ လက်မကိုင်မိတွေဖြစ်နေ၏။မရိုးရအောင် လောကဓံရော
လောကီ့ဝဒေနာတွေရော လူဖြစ်ရတဲ့ဒုက္ခတွေရော
စုပေါင်းကာ တစ်ရက်ကိုတစ်မျိုး တစ်ခုခုဖြစ်လိုက်ရမှနေသာထိုင်သာရှိသည့် Build jakapanရဲ့ဖြူဖြူအုအုပေါင်အတွင်းမှာ အပူကပ်ရာကြီးဖြင့်။"စပ်..စပ်တယ်"
အပူလောင်တဲ့လူက Build ဆိုပေမယ့်
ဇောချွေးတွေတဒီးဒီးကျနေသူက သပ်သပ်ရှိသည်။မနက်စောစောကြီးဘာစိတ်ကူးပေါက်လဲမသိ။
ဆံပင်ကိုcurling iron ဖြင့်ကိုယ်တိုင်ထကောက်သည်တဲ့လေ။
ကောက်နေရင်းတန်းလန်း လက်ကချော်ပြီးလွတ်ကျသွားတာကို
အမှတ်တမဲ့ဆိုတော့ ပေါင်နဲ့ညှပ်ဖမ်းလိုက်တာ
ပေါင်၂ဖက်အတွင်းသားမှာ အသားလေးတွေလန်ကာရဲလို့။ပေါင်အတွင်းသားမို့သာတော်တော့သည်။အဓိကနေရာကိုမီးကျွမ်းဖို့ စင်တီမီတာအနည်းငယ်သာလိုတော့တယ်။
ဒါကို Bibleကိုမပြောပဲ ဆူခံရမည်ဆိုး၍ သူဟာသူကြိတ်ခံနေတာ အရည်ကြည်ဖုလေးတွေထလာတော့မှ မနေနိုင်မထိုင်နိုင် ရှက်ရှက်နဲ့ထုတ်ပြောရတော့တာပဲ။ကျားကြောက်လို့ရှင်ကြီးကိုး
ရှင်ကြီးကျားထပ်ဆိုး ဆိုသလိုပေါ့မေ့တက်တဲ့ရောဂါကြောင့် ကူဖော်လောင်ဖက်ကလေးများရမလားလို့ အိမ်အငှားလေးတင်မိပါတယ်။ အဖေတစ်ဝမ်းကွဲနဲ့လာတိုးနေသည်။
သူ့ခင်ဗျာအမှားလုပ်မိရင်တောင် ကိုယ့်ကိုကိုယ်အရင်စိတ်မပူပဲ ဆူခံရမည်ကိုသာစိုးထိတ်ရသည်။"ဖြေးဖြေး..စပ်တယ်လို့"
ခါးအောက်မှာ ခေါင်းအုံး၂ထပ်ခုကာ ကားယားလေးဖြစ်နေပြီးပေါင်ကိုတော့ကားပေးထားရသည်။
ဒီအခြေအနေကြီးကတော်တော်တော့အဆင်မပြေလှ။ မျက်နှာတွေလဲပူလှပြီ။"အိမ်..အိမ်ပိုင်ရှင် ပြီးပြီထင်တယ်"
Cooling gel ကိုပေါင်အတွင်းထဲစိတ်ရှည်လက်ရှည်လူးပေးနေသူထံမှ မိနစ်အနည်းငယ်အကြာတွင် အသံထွက်သည်။