Part-7(uni)

463 79 19
                                    


"မလုပ်ရပါဘူး ဘယ့်နှယ်မသင့်တော်တဲ့ကိစ္စတွေကို ဘယ်လောက်စွန့်စားရမယ်ဆိုတာမသိတာလား"

"ငါကတော့ try ကြည့်ချင်တယ်  Bible"

"အဲ တစ်ခါတစ်လေကျတော့လဲ မလုပ်သင့်တဲ့ကိစ္စတွေကိုလုပ်ကြည့်လိုက်တာကလဲ
အကျိုးအမြတ်ရရင်ရမှာပါ စွန့်စားမှုလေးတစ်ခုပဲလိုတာကို ငါတို့ try ကြမယ် ဟားဟားဟား"

မာန်မဲနေတဲ့မျက်နှာဆိိုးက ချက်ချင်းကြီး
နေရောင်ခြည်လိုပွင့်လန်းလာပြီး
သိသိသာသာဘက်လိုက်လျှက် အရှက်ပြေတဟားဟားအော်ရီနေသည်။

စွန့်စားရမည်တို့ မသင့်တော်တဲ့ကိစ္စတို့ ပြောရအောင်ကလဲဤကိစ္စမှာထိုမျှလောက်မနက်နဲပါ
Bui ကိုတစ်ယောက်ထဲစျေးလွှတ်ပြီး memories
လေ့ကျင့်ပေးဖို့ သာဖြစ်သည်။

ထိုဟာကိုအဖြစ်ကဲနေသော အခန်းဖော်ကောင်လေးကိုကြည့်ပြီး Bas ကမျက်ခုံးပင့်လိုက်မိသည်။

'မင်းငါလုပ်ပေးလို့ ဒီလိုနေရတာပါဟ ငါလှည့်ပေးလိုက်လို့ အခန်းတူတူရတဲ့ကောင်ကမြန်း

'ဆိုတဲ့သဘောနဲ့ ခပ်ကြာကြာစိုက်ကြည့်လိုက်တော့ Bible ကချောင်းတဟန့်ဟန့်နဲ့ သူ့ရဲ့အကဲပိုမှုတွေကိုရုတ်သိမ်းသွားသည်။

မသိရင်သူကပဲ သူငယ်ချင်းဖြစ်သူကို အန္တရာယ်တွင်းထဲတွန်းချနေသလိုလို

ဦးနှောက်ကြီးပဲ ခွဲစိတ်ခိုင်းနေမိသလိုလို ပုံဖမ်းနေသည်ကိုလဲမကျေနပ်ပါ။

ပြောရရင်သူbuild ကိုတွန်းချမိတဲ့အန္တရာယ်တွင်းဆိုသည်မှာ သူ့ရှေ့ကကောင်လေးကိုအိမ်ပေါ်တင်မိတာလေးတစ်ခုထဲရယ်။
Build က မှတ်ညာဏ်လေးမကောင်းပေမယ့် အနာဂတ်ကိုကြိုမြင်ရလောက်သည်ဟုထင်ရအောင်ဟောတက်ပြောတက်သည်။

'ငါ့အခြားဟာနဲ့ထောက်ရင်ဘယ်လိုလုပ်မလဲ' ဆိုတဲ့စကားကို သူကိုယ်တိုင်က 'ငါကလူကောင်းလေးရှာပေးမှာပေါ့'ဆိုပြီးအာမခံခဲ့သမျှ ခုတော့ ရေစုံရောရေဆန်ရော ပက်လက်မြှောပဲ။

သူသည်စစချင်းတုန်းကတော့ ဤကောင်လေး အင်မတန်ရိုးလှရိုးလှ နဲ့ နောက်ပိုင်းကျတော့ သူ့သူငယ်ချင်းကို အရိုးနဲ့အသားတစ်ခြားစီဖြစ်အောင်ကိုက်ဆွဲချင်နေတဲ့ ၀ံပုလွေမှန်းတစ်ဖြေးဖြေးရိပ်မိလာသည်မှာ အလွန်ဆုံးရှိ ၂ပတ်ကျော်လောက်ပဲရှိသေးသည်။

Please Don't forget about me (Completed) Where stories live. Discover now