လမ်းထိပ်မှာ ခေါင်းလေးကိုကုတ်ရင်း
မတ်တပ်ရပ်ကာဘာလုပ်ရမလဲမသိကြောင်တောင်တောင်လေး ဖြစ်နေမိသည်။သူလမ်းထိပ်ကိုဘာလာ၀ယ်တာလဲမမှတ်မိတော့ဘူးရယ်။
စိတ်ညစ်ညစ်နဲ့ ph ကိုထုတ်ကာ သူငယ်ချင်းကိုပဲဆက်မေးဖို့ပြင်လိုက်သည်။Basကသူတော်စင်ပဲ။
သူရစ်သမျှ သူမေ့သမျှဟာတွေကို
ဘေးကနေတစ်တွတ်တွတ်မငြိုမငြင်လိုက်သတိပေးနိုင်တဲ့အထိ သည်းခံစိတ်ကမြင့်မားလွန်းသည်။"Hello"
"အေးပြော"
"ငါလမ်းထိပ်ဘာသွား၀ယ်တာလဲဟင်"
"ဟာကွာ လုပ်ပြန်ပြီ ငါလဲဘယ်သိမလဲ
မင်းဖုန်းထဲက note ပြန်ကြည့်လိုက်
ရေးချင်ရေးထားမှာပေါ့"သူပြောမှ ကမန်းကတမ်းဖုန်းချပြီး note appထဲ၀င်ကြည့်တော့ ကိတ်မုန့်၀ယ်ရန်ဆိုပြီးရေးထားတာတွေ့သည်။
"အဟဲ ဟုတ်ပြီ"
စိတ်ကြိုက်ကိတ်မုန့်ကလေးကိုရွေးပြီး
ကိုယ့်အခန်းကို ကိုယ်ပြန်လာစဥ် လူတွေ၀ရုန်းသုန်းကား ဖြစ်နေသည်။
အခန်းထဲကို၀င်လိုက်ထွက်လိုက်နှင့်။"ဘာဖြစ်ကြတာလဲဟင်"
ကိုယ့်အခန်းထဲလူတွေ၀င်ထွက်နေကြပါလား။
ဘုရားဘုရား မဟုတ်မှာလွဲရော အိမ်တွင်းဖောက်ထွင်းမှာများလား။အတွင်းပစ္စည်းဆိုလို့
Underwearတွေပဲရှိတာပါ။
ဘာများလိုချင်လို့ပါလိမ့်။"လူအသစ်တွေအခန်းပြောင်းလာကြတာ ကျွန်တော်တို့ပစ္စည်းတွေ၀ိုင်းကူချနေတာဗျ လူတွေကတော့ညနေမှရောက်မယ်ထင်တယ်"
လူသစ်တွေဆိုတာနဲ့ Build ရဲ့မျက်နှာက၀င်းပသွားသည်။ ပြန်စဥ်းစားကြည့်ရတာတော့ အခန်းဖော်ကောင်းကောင်းလေးရရင် အဖော်လေးလဲရ အကူလေးလဲရ ဘယ်လောက်တောင်ကောင်းလိုက်မလဲ။ကိုယ့်အတွေးနဲ့ကိုယ် အူမြူးကာ
'ညနေကျရင်အိမ်ကလူသစ်ကိုသွားနှုတ်ဆက်မယ်'
ဆိုပြီး note ထဲရေးမှတ်ထားလိုက်သည်။
ညနေရောက်တော့စိတ်ကအလွန်တက်ကြွလွန်းသွားသည်လားတော့မပြောတက်
Note ပြန်ကြည့်စရာမလိုအောင်
မှတ်မိနေသည်။