Extra(uni)

530 67 8
                                    

First kiss sweet like strawberries and chocolates

"စကားကိုတတ်တိုင်းမပြောရဘူး  Bible"

"အဲ့တာဆိုဘယ်လိုလုပ်ရမှာလဲ အာဘာဘာ
အာပါပါးပါ အဲ့လိုလား "

"ကဲ"ဂွပ်!

၀ူး၀ူး၀ါး၀ါးတွေလုပ်ကာ ခြေဟန်လက်ဟန်တွေပြပြီး ပြောင်ချော်ချော်လုပ်နေတဲ့လူကို
တစ်ချက်လောက်အုပ်လိုက်မှ မျက်နှာရူးကနေမျက်နှာသေဘ၀ကိုကူးသွားသည်။

"နာသွားပြီ"

နှုတ်ခမ်းပါးတွေကိုခပ်မဲ့မဲ့လုပ်ကာ ခေါက်ခံလိုက်ရတဲ့ခေါင်းတစ်၀ိုက်ကို လက်ဖ၀ါးဖြင့်ခပ်ဖွဖွလေးပွတ်နေတာမြင်ရတော့လဲစိတ်မကောင်း။
ဒါပေမယ့်လဲ ဒီပြောင်ချော်ချော်လုပ်တဲ့အကျင့်ကိုခနလေးငုတ်လျှိုးသွားစေရင်တော့ တန်ပါသည်။

"နာသွားပြီလို့"

"အုံဖိ အုံဖိ"

"ဘာတုန်း အုံဖိ အုံဖွလောက်တော့လုပ်"

ဆူအောင့်ချင်လာတဲ့ရုပ်ဖြစ်လာတာကြောင့်
ဂျယ်ဖြင့်ပုံသွင်းထားတာမို့ အနည်းငယ်ကြမ်းချင်နေတဲ့ဆံပင်တွေကြားထဲ သက်သာလိုသက်သာငှားပွတ်သပ်ပြီး ပြောမိပြောရာပြောလိုက်ပေမယ့်
ဆရာသမားကအတွန့်ထပ်တက်သည်။

"အေးအေး အုံဖွ"

"ထားတော့ အခုနကကိစ္စပြန်ပြောမယ် တကယ်အဲ့နေ့တုန်းက လုံး၀ရင်ဘတ်ကြီးထဲငလျှင်လှုပ်သလိုပဲ
ဖြစ်ချင်တော့ ဒီလို  Valentine's Day နေ့ပဲဟုတ်တယ်မလား"

"အင်း"

"P'jakapan
များနော် ရည်းစားတောင်မဖြစ်သေးဘူး
ဆွဲလားရမ်းလားနဲ့"

"တော်တော့လို့ Bibleရယ် "

ရဲတွတ်နေတဲ့မျက်နှာနဲ့  build ကလှမ်းဟန့်တော့
Bibleကသူ့စနောက်ခြင်းအကြံအောင်မြင်သွားတာမို့
ရီနေသည်။

___________

ထိုကာလက Bibleနဲ့သူနှင့်က တွဲနေသလိုလို မတွဲနေသလိုလို ဟိုလိုလိုဒီလိုလိုဖြစ်နေတဲ့ကာလလေးတစ်ခု။ သူငယ်ချင်းမက ရည်းစားမကျပေါ့။
၂ယောက်လုံးကတစ်ယောက်ကိုတစ်ယောက်သဘောကျမှန်းသိရဲ့သားနဲ့ ငါထင်တာလွဲပြီးမဟုတ်ခဲ့ရင်ဆိုတဲ့စိတ်သောကကြောင့် အမှန်တကယ်သောကရောက်ပြီး ရှေ့လဲဆက်မတိုးရဲ နောက်လဲမဆုတ်ချင်တော့ လမ်းလည်ခေါင်မှာ ၂ယောက်သား မားမားကြီးရပ်နေရတဲ့ကာလသာဖြစ်သည်။

Please Don't forget about me (Completed) Where stories live. Discover now