ကျစ်!စောက်ရေးမပါတာကွာ
ဘ၀မှာကံမကောင်းဆုံးနေ့ရက်တွေကို 1ကနေ 100ထိစီရင်တောင်ဒီနေ့ကထိပ်ဆုံး၃ရက်မှာပါလောက်သည်အထိဆိုး၀ါးသည်။
မနက်မိုးလင်းကတည်းက အဆင်မပြေဖြစ်နေတာ
ကျောင်းမှာလဲ presentation လုပ်ဖို့ ပြင်ထားတဲ့ file ကိုမှားနှိပ်ကာဖျက်မိသည်။ ခုလဲအခန်းထဲ၀င်လို့မရပြန်ဘူး ။ ဒီတစ်ခါတော့သူ့အမှားမဟုတ်ပါ။
အိမ်ရှင်အသေးလေးကြောင့်လေ။သူအထပ်ထပ်အခါခါ အခန်းတံခါးသော့ပိုကို တောင်းသည်။ သို့သော်ပြန်ရတဲ့အဖြေတွေက
"မေ့သွားလို့နော် နောက်နေ့ပေးပါ့မယ်"
"သတိမရလိုက်လို့ပါစိတ်မရှိပါနဲ့"
"ဘယ်တုန်းကတောင်းထားတာလဲဟင်"
ဆိုတာချည်းပဲ။တကယ်စိတ်မနှံ့တာထင်တာပဲ။
ဘာမှလုပ်လို့ မရတဲ့အဆုံး အခန်းတံခါးရှေ့မှာ
ထိုင်ချကာ အထဲကလာဖွင့်တာပဲစောင့်ရတော့သည်။အတော်အကြာငုတ်တုတ်ထိုင်ပြီး
ထိုင်ရလွန်းလို့ခြေထောက်တွေပါကျဥ်လာတဲ့အထိ။
ကျဥ်နေတဲ့ခြေထောက်တွေကိုပြေလိုပြေငှား လက်သီးနဲ့ထုထောင်းနေတုန်း မြင်ကွင်းထဲ၀င်လာတဲ့ converse အမဲလေးကြောင့် ကျေးဇူးရှင်ပြန်ရောက်လာမှန်းသိလိုက်သည်။"မင်း! အော အဲ့တာကြောင့်ဘယ်လိုခေါ်ခေါ်မကြားတာကိုးး"
"တောင်းပန်ပါတယ်ဗျ ကျွန်တော်အပြင်ထွက်သွားလို့ပါ khun.... "
"ရတယ်ရိုးရိုးနာမည်ပဲခေါ်"
ရိုးရိုးနာမည်ခေါ်ခိုင်းတာကိုအင်း မလှုပ်အဲမလှုပ်တဲ့ရှေ့ကလူကြောင့် Bible ရဲ့မျက်ခုံးတွေကတွန့်ချိုးလာသည်။
"မဟုတ်မှ နာမည်ပါမမှတ်မိတော့ဘူးလား"
'ဟာကွာ ဒုက္ခနဲ့ လှလှနဲ့တော့တွေ့ပြီ
ဒီတစ်ခါလှလှနဲ့မတွေ့ပဲ Build jakapan ဆီ
ဒုက္ခကြီးက အိမ်တံခါးလာခေါက်ကာ
မင်္ဂလာပါ ဆိုပြီးလာနှုတ်ဆက်နေသလိုပဲ
မေ့မှာဆိုးလို့ ဘုရားသခင်ဆိုတာနဲ့တွဲမှတ်ထားပါတယ်ဆို ဘုရားသခင်ဆိုတာကြီးပဲမှတ်မိတော့တယ်ကျန်တာမမှတ်မိတော့ဘူး'