"ဖြေးဖြေးချင်းလိုက်ပေါ့ နောက်ကျရမှာ
နောင်တ"အမှိုက်ကစ ပြသာဒ်မီးလောင်ဆိုသလို
သူ့အချစ်မီးဟာ ပါးဖောင်းဖောင်းလေးကိုနှာခေါင်းတစ်၀က်နှစ်အောင်နမ်းချင်တဲ့ အဆင့်ကနေ
ခါးသွယ်သွယ်လေးကို အင်္ကျီအောက်ကနေလက်လျှိုပြီးပွတ်သပ်ချင်တဲ့စိတ်ထိ
တစ်စတစ်လောင်ကျွမ်းနေတာမို့ မနေနိုင်မထိုင်နိုင်
မွေးချင်းအကိုကို ရေအေးနဲ့ငြိမ်းရန်အကူအညီတောင်းလိုက်ခါမှ ကြားရတဲ့စကားကြောင့်
လောင်စာပိုထိသွားသည်။"အဲ့လိုကြီးတော့မပြောပါနဲ့"
"လုပ်ကြည့်ပေါ့ကွာ ကိုယ့်နှင်းဆီလေး မခူးရက်လို့ထိုင်ကြည့်နေခါမှ လမ်းဘေးကလက်ဆော့တဲ့ ကလေး၀င်ချိုးသွားရင် ရင်ထုမနာဖြစ်နေမယ်"
"တော်..တော်ပါတော့ဗျာ"
တစ်စိတ်တစ်စိတ်ပိုပိုဆိုးဆိုးလာတာမို့ မရမကတားလိုက်ပြီး callကိုချပစ်လိုက်တော့ laptop screen ပေါ်ကသူ့အကိုဟာပျောက်သွားပြီး ပါးချိုင့်ခပ်ထင်းထင်းနဲ့ wallpaperကကောင်ကလေးကရီပြနေသည်။
သူခိုးရိုက်ထားရတဲ့ပုံလေး။ဘယ်လောက်တောင်မြတ်နိုးရတဲ့ပုံလေးလဲ။သူတောင်မသိလိုက်ပဲ ပြုံးစိစိဖြစ်ကာ laptop screen ကပါးနုနုလေးကို လက်နဲ့ပွတ်သပ်နေချိန် အတွေးထဲမနေ့ညနေကဖြစ်ရပ်ကတိုး၀င်လာသည်။
"အခန်းဖော် မင်းငါ့ကိုဖက်ထားချင်ရင်ဖက်ထားလို့ရတယ်နော်"
အားးးထပ်ဖက်ထားချင်လို့ရူးတော့မယ်
မပိန်လွန်း မ၀လွန်း ခန္ဓာကိုယ်အိအိကလေးက
ထိလိုက်တာနဲ့ မွကြေသွားမည့်ပူတင်းလုံးလေးလိုခံစားချက်။ အူတွေအသည်းတွေယားစိစိဖြစ်ကာ ကိုက်တောင်စားချင်မိသည်အထိ နွေးထွေးအိစက်နေခဲ့တာ။အတွေးနဲ့တင်ရင်ထဲတလှပ်လှပ်ဖြစ်လာမို့ အိပ်ယာပေါ်ကနေထကာ ၀ိတ်တုံး၂တုံးကို လုပ်မိလုပ်ရာကောက်မလိုက်သည်။ နောက်ဆုံးပင်ပန်းပြီး အိပ်ပျော်သွားလိမ့်မည်ဆိုသော ရည်ရွယ်ချက်ဖြင့်။
'ငါသွားခိုးကြည့်လိုက်ရမလား?'
အေးအေးချမ်းချမ်းအိပ်မောကျနေလောက်မည့်သူကိုသွားခိုးကြည့်ရအောင်ထိ ကြောက်ဖို့ကောင်းတဲ့နှာဘူးလိုပုံစံကသူ့ပုံစံမဟုတ်သည့်တိုင်အောင်
အိပ်နေတာလေး တစ်ချက်လောက်သွားကြည့်ရင်
ရင်ထဲကအပူမီးငြိမ်းနိုင်လောက်ပါရဲ့။
![](https://img.wattpad.com/cover/332052474-288-k196867.jpg)