Part-4(uni)

453 70 12
                                    

"ဖြေးဖြေးပေါ့ ဘယ်လိုလုပ်အရမ်းတွေ ယောက်ယက်ခက်ပြီး မြင်းကြီးဇောင်းကနေလွတ်သလိုဖြစ်နေရတာတုန်း တိုက်ခန်းမှာဘယ်သူမြန်းစောင့်နေသလဲ ကိုယ့်လူ "

စီနီယာအကိုဆီကရွှတ်နောက်နောက်စကားကို Bibleကအရေးမစိုက်နိုင်ပါ ။သိမ်းစရာရှိတာအကုန်ကောက်သိမ်းရင်း အိမ်စောစောပြန်ဖို့သာစိတ်စောနေသည်။ သူနဲ့ အခန်းပိုင်ရှင်က နည်းနည်းကတောက်ကဆရှိခဲ့ပေမယ့် အိမ်သော့ကိစ္စနဲ့ပြန်တောင်းပန်ကြကာ ဒီရက်ပိုင်း နည်းနည်းအဆင်ပြေလာသည်ဟုဆိုရမည်။

မနက်ဆို အခန်းပိုင်ရှင်က သူ့အတွက်မနက်စာလုပ်ရင်း Bible အတွက်ပါလုပ်ပေးထားတက်သည်။
Bible ကဂျီးများသည်တော့မဟုတ်ပေမယ့် မနက်စာကိုသေချာစားသည်။

ကြက်ဥဆိုအနှစ်ကျက်မှ

Bacon ဆိုအနားသားလေးတွေကျွတ်မှ

စားသော်လဲ ထိုလူကမငြီးမငြူဖြစ်အောင်လုပ်ပေးတာကြောင့် သူကတော့ ညနေစာကို ၂ယောက်စာ၀ယ်ဖြစ်အောင်၀ယ်ပြီး တူတူစားကြသည်။

ခုကျောင်းကိစ္စနဲ့အနည်းငယ်နောက်ကျတာကြောင့်
အိမ်ကလူ စောင့်နေမှာဆိုး၍ ပစ္စည်းအမြန်သိမ်းနေခြင်းပင်။

"မဟုတ်ဘူး P' အိမ်ကလူထမင်းစားဖို့စောင့်နေလောက်မယ်ထင်တယ်"

ပြန်ရှင်းပြခါမှ အသုံးအနှုန်းကတစ်မျိုးဖြစ်သွားတာကြောင့်ထပ်စနောက်ဖို့အတွက် ပါးစပ်တပြင်ပြင်ဖြစ်သွားသော စီနီယာအကိုကို လျှစ်လျုရှုကာ
အိမ်ကိုအမြန်ပြန်ပြေးဖို့သာတွေးလိုက်၏။

___________________

"အိပ်ချင်လိုက်တာနော် အစောကြီးရှိသေးတယ်"

"အဲ့တာထမင်းဆိပ်တက်တာလေ မင်းဘယ်လောက်စားလဲမှမသိတာ"

အိပ်ချင်တယ်ပြောပြီး ရေခဲသေတ္တာထဲက snackထုပ်ကိုသွားယူနေတဲ့လူကို လှည့်မကြည့်ပဲ
ဇာတ်ကားသာရွေးနေလိုက်သည်။
မဟုတ်ရင်သူပြန်လာမှဆို ငြင်းနေရအုန်းမယ်။

Bibleဒီဘက်အိမ်ကိုပြောင်းလာတာမကြာသေးပေမယ့် အကုန်လုံးကအံ့၀င်ဂွင်ကျဖြစ်နေသလိုခံရစားရသည်။ ထူးဆန်းနေတာမျိုး နေသားမကျတာမျိုး
နေရာအသစ်ကိုပြောင်းလာသလိုမျိုး မခံစားရပဲနှစ်ရှည်ကာလာနေလာရသလိုခံစားချက်ကိုရစေတယ်။

Please Don't forget about me (Completed) Where stories live. Discover now