Build ပြောသမျှဟာတွေက သူ့နားထဲဝင်တစ်ချက်မ၀င်တစ်ချက်...။
ပြောချင်တာတွေအကုန်ဖွင့်ချကာ အခန်းခပြန်အမ်းမယ်လို့ပြောပြီး အခန်းထဲမှာသူ့တစ်ယောက်ထဲထားခဲ့တဲ့အထိ လိုက်မတားမိခဲ့ဘူး။
အားလုံးကိုသေချာပြန်တွေးကြည့်မိတော့ ပထမဦးဆုံးရင်ထဲကိုတိုးဝင်လာတဲ့ခံစားချက်က Guilt ပဲ။
သူကဘာမဟုတ်ပဲ စိတ်တိုတိုင်းပြောလိုက်တဲ့စကားတွေက တစ်ဖက်သားဆီမှာဘယ်လောက်တောင် ခံစားစေရမလဲ။
တကယ်မလုပ်သင့်တာတွေကိုမှရွေးလုပ်မိတာပဲ။
'ငါ့ကိုယုံပါ Bibleရယ်ငါလဲအများကြီးကြိုးစားထားတာ'
သက်ပြင်းလေးချကာ စိတ်အားငယ်သလိုလေးပြောနေတဲ့အသံကိုပြန်ကြားယောင်တော့ရင်ထဲဆစ်ကနဲ။
လူကဖျားပြီးခါစမို့နှုန်းနေပေမယ့် ခုကစိတ်ကပိုပင်ပန်းနေသည်။ သူတောင် ဒီလောက်ခံစားရတာ
အခန်းပိုင်ရှင်ကိုဆို သူ့အပြောအဆိုတွေနဲ့ ဘယ်လောက်တောင်နှိပ်စက်မိခဲ့မလဲမသိပါ။နောင်တဆိုတာ နောင်မှရတာဆိုသလိုပဲ
အပြစ်မကင်းတဲ့စိတ်ကလူကိုအစိမ်းလိုက်မျိုနေသယောင်။သို့ပေမယ့် အစကတည်းကသူ့ကိုပွင့်ပွင့်လင်းလင်းညှိုနှိုင်းခဲ့မယ်ဆိုလျှင် ဒီကိစ္စတွေကဖြစ်လာစရာအကြောင်းမရှိပါ။သူဒီလိုတွေးလိုက်မိပေမဲ့လဲ အခန်းပိုင်ရှင်ကိုတော့စောစောစီးစီးမပြောပြရမလားဆိုတဲ့အပြစ်တင်စိတ်လုံးဝမရှိဘူး။ လူတိုင်းကကိုယ်စီကိုယ်ဖုံးကွယ်ထားချင်မိတဲ့အရာဆိုတာလဲရှိတာပဲလေ။ဒါကိုသူနားလည်သည်။
ဒီကိစ္စက၂ယောက်လုံးရဲ့အမှားမဟုတ်ဘူးပဲ...။
________________"Bible ဟို ငါတစ်လစာတော့ဖြတ်လိုက်မယ်နော်
ရော့ ဒီမှာ ကျန်တဲ့ဟာ"တစ်နေ့လည်လုံး ဘယ်ဘက်ကလှည့်တွေးတွေး
တောင်းပန်စကားကိုဘယ်ကစဆိုရမလဲမသိပါ။
'တောင်းပန်ပါတယ်' တစ်ခွန်းထဲနဲ့လဲ မလုံလောက်နိုင်ဘူးလေ။ သူ့ဘက်က အရာအားလုံးကို အဖုအထစ်မရှိပဲအဆင်ပြေစေချင်ပေမယ့် Build ကတော့ ပိုက်ဆံအမ်းဖို့သာ စိတ်ရောက်နေပုံရသည်။