Part-11(uni)

514 73 16
                                    

မေ့တက်တဲ့ရည်းစားလေးရထားလို့ ကိုယ့်ဘက်ကတစ်ခုခုမတော်တဆအမှားလေးလုပ်မိတာနဲ့ 'အော်သူမေ့သွားမှာပါလေ'ဆိုပြီး
ရောသောဖောသောလုပ်ကာ ရောချလို့ရမယ်ထင်ရင် အမှားကြီးမှားမယ်။

Noteထဲမှာ wichapasဘယ်နေ့ကဘာလုပ်တယ်ဆိုပြီးရေးပြီးတော့ကိုမှတ်ကာ စိတ်ကောက်သည်။

ပိုဆိုးတာက သူကောက်ပြီးတဲ့ကိစ္စကိုမေ့ကာ
မင်းကိုဒါငါစိတ်မဆိုးရသေးဘူးဆိုပြီး ထပ်ပြီးတော့ထပ်ဆင့်ကောက်သည်။
တကယ်မလွယ်တာ!

Build ကလဲ ကိုယ့်ဟာကိုဂေါက်နေရာကနေ
ကိုယ်လုပ်သမျှကို မငြိုမငြင်ပဲ စိတ်ရှည်လက်ရှည်ချစ်ပေးတဲ့ရည်းစားလေး လမ်းဘေးကမတော်တဆကောက်ရတာတော့ဆိုးချင်သည်။

သင်ကောင်းလျှင်ကျွန်ုပ်ဆိုးမည်။
သင်ဆိုးလျှင်လဲ ကျွန်ုပ်၃ဆပိုဆိုးမည်။
ဆိုတာမျိုးပေါ့။

စားရတဲ့ကလေးပိုငတ် ချော့ခံရတဲ့ကလေးပိုကောက်ဆိုပေမယ့် ဒီတစ်ခေါက်ကတော့သူ့အမှားမဟုတ်ပါ။
ရည်းစားဖြစ်တာပူပူနွေးနွေးရှိသေး ခုလိုစဖြစ်တဲ့အခြေအနေကြီးကတော့ ပုံမှန်မဟုတ်မှန်းနားလည်ပါသည်။ အရင်က ကိစ္စသေးသေးလေးတွေစိတ်ဆိုးစိတ်ကောက်တာရှိခဲ့ပေမယ့် ဒီလိုပြသာနာအကြီးအကျယ်ဖြစ်တာကတော့ ဒီတစ်ခါပထမဆုံးပဲ။

သို့သော် ခုလက်ရှိအခြေအနေမှာက build တစ်ယောက်ထဲဇာတ်ညွှန်းရေးဆရာရော
ဇာတ်မင်းသားရော ဇာတ်မင်းသမီးရောလုပ်ကာ ၁ကိုယ်တည်း စိတ်ကောက်တော်မူခန်းကို၂ပါးသွားကနေရခြင်းဖြစ်သည်။ Bible ကတော့ ဇာတ်ထုတ်ထဲရောက်နေတာသူ့ကိုယ်သူတောင်မသိလိုက်။

Bibleကသူ့ပစ္စည်းတွေအကုန် Build အခန်းထဲကိုပြောင်းလာကာနှစ်ယောက်သားအတူတူနေကြသည်မို့ နေ့တိုင်းအချိန်တိုင်းနီးပါး အတူရှိနေသလိုဖြစ်နေတာမို့ တစ်ခုခုပြောင်းလဲသွားတာနှင့်တန်းပြီးရိပ်မိတက်၏။

အရင်ကတော့ဖြင့် မနက်စောစောနိုးလာရင် တန်းမထသေးပဲ အိပ်ယာထဲကွေးကာ ကြောင်လေးများလို ပွတ်သီးပွတ်သပ်လုပ်တက်တဲ့လူက ခုများတော့ဖြင့်
Build မနိုးခင်ကတည်းက အပြင်ရောက်နေပြီ။

Please Don't forget about me (Completed) Where stories live. Discover now