သက်ပြင်းကိုအကြိမ်ကြိမ်ချမိနေပေမယ့်လဲ နောက်ဆုံးတစ်ခါပင့်သက်ရှိုက်လိုက်ပြီး ခေါင်းကိုထောင်ကြည့်လိုက်တော့ အခန်းထောင့်လေးမှာကျုံ့ကျုံ့လေးအပြစ်ရှိသလိုရပ်နေတဲ့ လူကိုမြင်လိုက်ရသည်။
"အဲ့တော့ဘာဆက်လုပ်ကြမလဲ?ဘာဆက်လုပ်ချင်လဲ?"
စကားကိုခပ်ဆတ်ဆတ်ပြောကာ ကားလက်မှတ်၂စောင်ကို စားပွဲပေါ်ပစ်တင်လိုက်တော့ကျောပြင်သေးသေးလေးသိမ့်ကနဲတုန်သွားသည်။
စိတ်ရှုပ်ရှုပ်နဲ့လက်ဖ၀ါး၂ဖက်ဖြင့်မျက်နှာအနှံ့ကိုပွတ်သပ်လိုက်ပြီး သူတို့ ဘယ်ရထားကစလွဲတာလဲ ဘယ်နားကစမှားတာလဲကိုပြန်စဥ်းစားနေရသည်။
ပင်လယ်ကိုသိပ်သဘောကျတဲ့ အကောင်ပေါက်သေးသေးလေးကို ချစ်မိကာမှ ၂ယောက်သား ရည်းစားသက်တမ်း၁လပြည့်တွင် သူမသိအောင် ကမ်းခြေခရီးကိုကြိုပြင်ဆင်ခဲ့သည်။ထိုသို့ကြည်နူးစရာအခြေအနေမှဒီလိုအခြေအနေကို ဘယ်လိုရောက်လာနိုင်ရတာလဲ။
သူ့မှာ ကျောင်းခေါ်ချိန်မပြည့်မှာဆိုး၍ ခရီးသွားရ
မည့် ၄ရက်စာကိုမနက်စောစောထကာ အချိန်ပိုပြေးတက်ရသေးသည်။ညနေကျတော့လဲ သင်ပေးနေကျ guide တန်းကို
ခွင့်လေးရက်ပေးရန် နာရီပြည့်အောင်ဆက်တိုက်သင်ရသည်မို့ အိပ်ယာပေါ်ရောက်တာနှင့် မလုပ်နိုင်တော့။သို့လောသို့လောအဖြစ်အပျက်တွေကို build ကသူ့ကောက်နုတ်ချက်နဲ့သူအထင်တွေလွဲနေမှန်း
ခုမှသိရတာတော့သူမကျေနပ်ပါ။ဒီနေ့ည ကားလက်မှတ်သွား၀ယ်ကာ သူငယ်ချင်းအိမ်မှာခနအိပ်ပြီး မနက်ကျ surpriseလုပ်မယ်ဆိုပြီးစီစဥ်ထားတဲ့ romantic အစီအစဉ်လေးကအပျက်ပျက်အယွင်းယွင်း။
ဖုန်းကနေLocation လှမ်းကြည့်ကာ ညသန်းခေါင် ကြီး Bibleကိုခနပေးနေတဲ့သူငယ်ချင်းတိုက်ခန်းကိုရောက်လာပြီးပွဲကြမ်းသည့်ရည်းစားကြောင့်ဆွဲလားရမ်းလားဖြစ်ကာ အိမ်ပြန်လာရသည်။
"ဘယ်လိုလုပ်မလဲလို့!"
"မ...မအော်ပါနဲ့"
Build Jakapanကမပိုင်ရင် ခြင်တောင်မရိုက်ဘူး။ခုဟာကလက်ပူးလက်ကြပ်မိပြီး နုတ်နုတ်စင်းမယ်ဆိုတဲ့စိတ်နဲ့သွားချဲကာမှ ကိုယ့်ပြန်ပြီးနုတ်နုတ်စင်းခံရတော့မည်။
ကြောက်အားလန့်အားနဲ့ တံတွေးကိုမြိုချလိုက်ပြီး
ကုတင်ပေါ်မှာဒေါခွီးနေတဲ့ ၃မိနစ်ရေနွေးအိုးကို
ပတ်ချွဲနှပ်ချွဲလုပ်ဖို့ကြံလိုက်သည်။
အနည်းငယ်တော့တွန့်ဆုတ်မိပေမယ့် ကိုယ့်အပြစ်ချည်းသာမို့မျက်နှာချိုလေးသွေးကာ ပုခုံးစွန်းပေါ် မေးစေ့လေးကိုခပ်ဖွဖွလေးသွားတင်လိုက်သည်။