First kiss sweet like strawberries and chocolates
"စကားကိုတက်တိုင်းမပြောရဘူး Bible"
"အဲ့တာဆိုဘယ်လိုလုပ်ရမှာလဲ အာဘာဘာ
အာပါပါးပါ အဲ့လိုလား ""ကဲ"ဂွပ်!
ဝူးဝူးဝါးဝါးတွေလုပ်ကာ ခြေဟန်လက်ဟန်တွေပြပြီး ပြောင်ချော်ချော်လုပ်နေတဲ့လူကို
တစ်ချက်လောက်အုပ်လိုက်မှ မျက်နှာရူးကနေမျက်နှာသေဘ၀ကိုကူးသွားသည်။"နာသွားပြီ"
နှုတ်ခမ်းပါးတွေကိုခပ်မဲ့မဲ့လုပ်ကာ ခေါက်ခံလိုက်ရတဲ့ခေါင်းတစ်ဝိုက်ကို လက်ဖ၀ါးဖြင့်ခပ်ဖွဖွလေးပွတ်နေတာမြင်ရတော့လဲစိတ်မကောင်း။
ဒါပေမယ့်လဲ ဒီပြောင်ချော်ချော်လုပ်တဲ့အကျင့်ကိုခနလေးငုတ်လျှိုးသွားစေရင်တော့ တန်ပါသည်။"နာသွားပြီလို့"
"အုံဖိ အုံဖိ"
"ဘာတုန်း အုံဖိ အုံဖွလောက်တော့လုပ်"
ဆူအောင့်ချင်လာတဲ့ရုပ်ဖြစ်လာတာကြောင့်
ဂျယ်ဖြင့်ပုံသွင်းထားတာမို့ အနည်းငယ်ကြမ်းချင်နေတဲ့ဆံပင်တွေကြားထဲ သက်သာလိုသက်သာငှားပွတ်သပ်ပြီး ပြောမိပြောရာပြောလိုက်ပေမယ့်
ဆရာသမားကအတွန့်ထက်တက်သည်။"အေးအေး အုံဖွ"
"ထားတော့ အခုနကကိစ္စပြန်ပြောမယ် တကယ်အဲ့နေ့တုန်းက လုံးဝရင်ဘတ်ကြီးထဲငလျှင်လှုပ်သလိုပဲ
ဖြစ်ချင်တော့ ဒီလို Valentine's Day နေ့ပဲဟုတ်တယ်မလား""အင်း"
"P'jakapan
များနော် ရည်းစားတောင်မဖြစ်သေးဘူး
ဆွဲလားရမ်းလားနဲ့""တော်တော့လို့ Bibleရယ် "
ရဲတွတ်နေတဲ့မျက်နှာနဲ့ build ကလှမ်းဟန့်တော့
Bibleကသူ့စနောက်ခြင်းအကြံအောင်မြင်သွားတာမို့
ရီနေသည်။___________
ထိုကာလက Bibleနဲ့သူနှင့်က တွဲနေသလိုလို မတွဲနေသလိုလို ဟိုလိုလိုဒီလိုလိုဖြစ်နေတဲ့ကာလလေးတစ်ခု။ သူငယ်ချင်းမက ရည်းစားမကျပေါ့။
၂ယောက်လုံးကတစ်ယောက်ကိုတစ်ယောက်သဘောကမှန်းသိရဲ့သားနဲ့ ငါထင်တာလွဲပြီးမဟုတ်ခဲ့ရင်ဆိုတဲ့စိတ်သောကကြောင့် အမှန်တကယ်သောကရောက်ပြီး ရှေ့လဲဆက်မတိုးရဲ နောက်လဲမဆုတ်ချင်တော့ လမ်းလည်ခေါင်မှာ ၂ယောက်သား မားမားကြီးရပ်နေရတဲ့ကာလသာဖြစ်သည်။