ဤဝတ္ထုဟာ ရာထူးနိမ့်ဝန်ထမ်းလေးရှန်းရှန်းက သူဌေးကြီးရဲ့ဖိနှိပ်ချုပ်ချယ်တာခံရတဲ့အကြောင်းလေးပဲ ၊ သူမ ဆက်ပြီးတိုက်ခိုက်နေပေမဲ့လည်း ရှုံးမြဲရှုံးဆဲပဲ.. နောက်ဆုံးတော့ သူမက ရုန်းကန်နေရတာရပ်တန့်လိုက်ပြီး နာနာခံခံဖြင့် အညံ့ခံအရှုံးပေးလိုက်တော့လေသတည်း......ရှန်းရှန်းဟာ အလွန်အမင်း ကျိုးနွံတက်ပြီး ယာယီသွေးလှူဘဏ်၏အခန်းအပြင်ဘက်တွင်စောင့်ဆိုင်းနေ၏။ တစ်ချိန်တည်းမှာပဲ ဥက္ကဌကြီးက သူမကို ကောင်းမွန်တဲ့ကျန်းမာရေးရှိ၊မရှိနှင့် သွေးအမျိုးအစားသင့်လျော်ကြောင်းသေချာစေရန်အတွက် သွေးစစ်ဆေးရန် စေလွှတ်လိုက်သည်။
သေချာတာပေါ့ ကိုယ်ဝန်ဆောင်အမျိုးသမီးက သေရေးရှင်ရေးဖြစ်နေခဲ့တာလေ.. ဒါကြောင့် ရှန်းရှန်းက သူမရဲ့သွေး 300 cc လောက်ကို ကျိုးကျိုးနွံနွံဖြင့် ထုတ်ပေးလိုက်ရ၏။ ကိုယ်ဝန်ဆောင်အမျိုးသမီး၏အခြေအနေကလည်းတိုးတက်လာခဲ့သည်။ ရှန်းရှန်းမှာ အများကြီးကျေးဇူးတင်ခံရပြီး ဆေးရုံမှထွက်လာခဲ့ကာ လကိုငေးကြည့်နေရင်း ၎င်းအားကြေကွဲဝမ်းနည်းနေခဲ့သည်။
"အရင်းရှင်တွေကတကယ်ကိုဂုတ်သွေးစုပ်တဲ့သူတွေချည်းပဲ ကြင်နာမှုမရှိဘူး စာနာသနားစိတ်လည်းမရှိဘူး"
အတွေးနွံနစ်နေသည့်ရှန်းရှန်းမှာ သူမအနောက်ရှိအနက်ရောင်ဇိမ်ခံမှန်လုံကားကြီးအား သတိမပြုမိခဲ့ပေ။ အနောက်ထိုင်ခုံရှိလူတစ်ယောက်က သူမသက်ပြင်းချသံကိုကြားတော့ သူ့နှုတ်ခမ်းတွေရွေ့လျားသွားပြီး မကြာသေးခင်ကမှ ဖွင့်ထားသောပြတင်းပေါက်အား ပိတ်ချလိုက်လေသည်။
"အိမ်ကိုမောင်း"
"ဥက္ကဌကြီး မစ္စရွှယ်ကိုအိမ်ပြန်ပို့ပေးမယ်လို့ပြောခဲ့တာမဟုတ်ဘူးလား?"
"မလိုတော့ဘူး"
ထိုလူက အမူအရာမရှိပြောလာ၏။
"အရင်းရှင်တွေကသနားကြင်နာစိတ်မရှိဘူး"
___________________
Hello!!!!! ဒီဟာလေးကိုဘာသာပြန်နိုင်ခဲ့ပြီ၊ အိုင်အကြိုက်ဆုံး Author Gu Man ရဲ့ဝတ္ထုကိုဘာသာပြန်ရပြီ.. Gu Man Novel တစ်ပုဒ်လောက်တော့ဘာသာပြန်ကြည့်ချင်ခဲ့တာ..
ဒါကတော့လူသိများကျော်ကြားလှတဲ့ Zhao Liying နဲ့ Zhang Han တို့သရုပ်ဆောင်ထားတဲ့ Boss and Me(အချစ်ပန်းလေးများပွင့်ဖူးရာ)ရဲ့မူရင်းဝတ္ထုပါ။*****
"အိမ်ကိုမောင်း"
"မလိုတော့ဘူး"
___________________
YOU ARE READING
ရှန်းရှန်း ( ဘာသာပြန် )
RomanceCOMPLETED ✔️ Chapter - 41 + 1 epilogue + 5 extras Started Date - 19.1.2023 Ended Date - 6.12.2023