Chapter-19

2.8K 261 0
                                    



ရှန်းရှန်း နောက်တစ်နေ့ ဆယ်နာရီအထိ အိပ်ပျော်သွားခဲ့သည်။ မျက်လုံးနှစ်လုံးပွင့်လာသောအခါ ရေချိုးခန်းထဲသို့မဝင်မီ အဝတ်အစားများနှင့်အိမ်တွင်းစီးဖိနပ်အား အိပ်ချင်မူးတူးဖြင့် ဝတ်ဆင်လိုက်၏။ သူမသွားတိုက်ဖို့ရာအတွက် သွားတိုက်ဆေးကိုလည်း အိပ်ချင်မူးတူးဖြင့် ညှစ်ထုတ်ပြီး သွားတိုက်နေရင်း.....

ရုတ်တရက် ရှန်းရှန်း သွားတိုက်တံကို ကိုက်မိသွားခဲ့သည်!

မဟုတ်ဘူး မဖြစ်နိုင်ဘူး......

ရှန်းရှန်း ခေါင်းကိုမော့ မျက်လုံးကျယ်ကျယ်ဖွင့်ပြီး မှန်ထဲမှ သူမပုံရိပ်ကို ကြည့်လိုက်သည်။

သူမ အခုထိမနိုးသေးတာလား မဟုတ်ရင် သူမ မူးနေလို့ စိတ်ထင်နေတာပဲဖြစ်မယ်။ သူမဘယ်လိုမှတ်မိတာလဲဆိုတော့ Big Boss က မနေ့ညက သူမကို ချစ်ကြောင်းဝန်ခံခဲ့တာကို မှတ်မိတာလား? ပြီးတော့ သူမ သူ့ကို သတ္တိရှိရှိ ငြင်းခဲ့တာမလား?

ငြင်းခဲ့တယ်...

ရှန်းရှန်း သွားတိုက်တံကို ချိုးမိလုနီးပါးပဲ။

မြန်မြန်ဆန်ဆန် သွားတိုက်ပြီး ရှန်းရှန်းသည် သူမ၏ညဝတ်အင်္ကျီကိုပင် မလဲတော့ဘဲ ကုတ်အင်္ကျီရှည်ကြီးကိုထပ်ဝတ်ကာ အောက်ထပ်သို့ ပြေးဆင်းသွားခဲ့သည်။ အမှန်တော့ သူမ ဘာကြောင့်ပြေးဆင်းသွားသည်ကို သူမ မသိ.. သူမ စိတ်ထင်ယောင်ထင်မှားဖြစ်နေသောမြင်ကွင်းကို တစ်ချက်ကြည့်ရှုရန် တွန်းအားပေးလိုက်ရုံမျှသာ။

ဖြစ်ချင်တော့ အောက်ထပ်မှာ ဘယ်သူမှမရှိဘူး ၊ လမ်းကြားက လူသူကင်းမဲ့နေရာ မှောင်မိုက်နေသောဆောင်းမြင်ကွင်းတစ်ခုနှင့်ဆင်တူနေ၏။ ရှန်းရှန်းသည် မနေ့ညက ဖုန်းထန် ကားရပ်ထားသည့်နေရာ၌ ခဏရပ်နေရင်း မြေပြင်ကိုကြည့်ပြီး ကောင်းကင်ကိုမော့ကြည့်လိုက်သည်။

သူမ စကားလုံးတိုင်းကို ရှင်းရှင်းလင်းလင်း မှတ်မိနေပေမဲ့လည်း ဒါက ထင်ယောင်ထင်မှား ဖြစ်နေတယ်ဆိုတာ သေချာပါ၏။

သူမက Big Boss ကြီးကို မည်ကဲ့သို့ သတ္တိရှိရှိ တွန်းလှန်နိုင်မည်နည်း။

ရှန်းရှန်း ( ဘာသာပြန် )Where stories live. Discover now