Chapter-21

2.8K 274 6
                                    



ရွှယ်ရှန်းရှန်းမှာ ရဲစခန်းသို့ ခေါ်ဆောင်သွားခံခဲ့ရပြီး သူမ၏လုပ်ဖော်ကိုင်ဖက်ကို ပြန်သွင်းရန်ကူညီပေးခဲ့သည့် လက်မှတ်သုံးစောင်ကလည်း အမှန်တကယ် လက်မှတ်အတုများဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။ သူမဟာ လက်မှတ်များ၏ဇစ်မြစ်ကို မြန်မြန်ဆန်ဆန် ရိုးသားစွာ ဝန်ခံခဲ့ပြီး အာကျားကိုဖုန်းခေါ်ဆိုရန်အတွက် ဖုန်းကိုထုတ်၍ လက်ဦးမှုရယူလိုက်ပါ၏။

သို့သော် သူမကုတ်အင်္ကျီအိတ်ကပ်ထဲတွင် ဖုန်းကိုရှာမတွေ့ ၊ ရုတ်တရက် သူမ ထိတ်လန့်စပြုလာပြီး နေရာအနှံ့လိုက်ရှာနေသော်လည်း ရှာမတွေ့သေးပေ။ ထို့နောက်တွင်မူ သူမပိုက်ဆံအိတ်တောင် ပျောက်နေမှန်း သိလိုက်ရလေသည်။

အခုလေးတင် သူမ  စူပါမားကတ်မှာစျေးဝယ်ပြီး ငွေပေးချေခဲ့တုန်းကတောင် ပိုက်ဆံအိတ်ရှိနေသေးတာကို မျက်လုံးတစ်မှိတ်အတွင်းမှာ ဘယ်လိုပျောက်သွားနိုင်တာလဲ။ သူမအိတ်ကပ်ထဲ အလျင်စလိုထည့်လိုက်လို့ ပြုတ်ကျသွားတာများလား? ရုတ်တရက် ရှန်းရှန်း မှင်သက်သွားရ၏။

ဒီတစ်​ခေါက်တော့ ငါ ဒုက္ခအကြီးအကျယ်​ရောက်​​နေပြီ! ငါ့ပိုက်ဆံတွေအားလုံး၊ ကတ်တွေနဲ့ရထားလက်မှတ်ကလည်း ငါ့ပိုက်ဆံအိတ်ထဲမှာပဲရှိတာ.. ရထားလက်မှတ်မရှိဘဲနဲ့ သူမက ရထားစီးတဲ့ခရီးသည်စစ်စစ်ဖြစ်ကြောင်း သက်သေမပြနိုင်။

သူမက သူမ၏သက်သေခံကတ်ပြားကို ခရီးဆောင်အိတ်ထဲတွင် ထည့်ထားလေ့ရှိပြီး ယင်းက အခိုးမခံလိုက်ရသော်လည်း အလွန်ဆုံးမှ ၎င်းဟာ သူမက မှတ်ပုံတင်ထားခြင်းမရှိဘဲ နေထိုင်သူမဟုတ်ကြောင်းကိုသာ သက်သေပြနိုင်သည်။

ထို့အပြင် သူမသည် ထိုယောက်ျားအား လျော်ကြေးပေးရန်လည်း လိုအပ်နေသေးသည်။ ရှန်းရှန်း ပျာယာခတ်လာပြီး ထပ်ခါတလဲလဲ ရှင်းပြနေ၏။

"အဲဒါတွေက လက်မှတ်အတုတွေမှန်း ကျွန်မတကယ်မသိတာပါ"

"အထောက်အထားလား? ကျွန်မက လက်မှတ်တွေ ပြန်သွင်းဖို့အတွက် လုပ်ဖော်ကိုင်ဖက်ကို ကူညီပေးဖို့ကြိုးစားရုံပါပဲ၊ အစကတော့ သူမကအိမ်ပြန်ချင်ပေမဲ့ နောက်ဆုံးမိနစ်ကျမှ ဟိုင်နန်ကိုသွားဖို့ ဆုံးဖြတ်လိုက်တာတဲ့.. အဲဒါကြောင့် သူမက ကျွန်မကို လက်မှတ်တွေပေးခဲ့ပြီး ပြန်သွင်းလို့ရအောင် ကူညီပေးဖို့တောင်းဆိုခဲ့တာ"

ရှန်းရှန်း ( ဘာသာပြန် )Where stories live. Discover now