"ဥက္က.....ဥက္ကဌကြီး"ရှန်းရှန်း အလျင်အမြန် နှုတ်ဆက်လိုက်၏။
ဥက္ကဌကြီးက သူ့မျက်လုံးတွေကိုမှိတ်ထား၍ ဇိမ်ခံကားနောက်ခုံတွင် မှီထားလျက်ရှိ၏။ ပြန်လည်တုံ့ပြန်သည့်အနေဖြင့် အသံခပ်ရေးရေးမျှသာထွက်လာခဲ့ကာ မျက်လုံးတစ်လုံးတောင်ဖွင့်မလာခဲ့ပေ။
အကြီးတန်းလက်ထောက်ဖန်းက နောက်လှည့်ကြည့်ပြီး ပြုံးလျက်
"မစ္စရွှယ် မြန်မြန်ဝင်လိုက်ပါ"
"အာ ဟုတ်ကဲ့"
ရှန်းရှန်း ကားထဲသို့ မဝံ့မရဲလေး ခြေလှမ်းလိုက်၏။ ကားထဲတွင် အမွေးပွအဖြူရောင်ကော်ဇောတစ်ချပ်ခင်းထားသည်။ မိုးရွာတဲ့အချိန်ဆို ခြေရာတွေကနေ ကော်ဇောကမညစ်ပတ်သွားနိုင်ဘူးလား?
ကံကောင်းထောက်မစွာဖြင့် သူမက ဖိနပ်အသစ်စီးလာခဲ့ခြင်းဖြစ်သည်။ သူမ၏ပုံမှန်စီးနေကျ sneakers ကိုသာစီးလာခဲ့ပါက ၎င်းပေါ်၌ အမည်းရောင်ခြေရာကြီးနှစ်ခု ရှိနေပေလိမ့်မည်။
အာ......
ကားကစတင်ထွက်ခွါတော့သည်။
ဒူးခေါင်းပေါ်လက်တင်၊ ခါးမတ်မတ်ထား၊ ရှေ့တည့်တည့်ကိုပဲကြည့်နေလိုက်သည်။ ရှန်းရှန်းသည် မူလတန်းကျောင်းသားတစ်ယောက်လိုမျိုး ပြတင်းပေါက်ဘေးနားတွင် တောင့်တောင့်ကြီးထိုင်နေ၏။
အကြီးတန်းလက်ထောက်ဖန်းက ပျော်ရွှင်နေသည်။ သူမ အဆင်မပြေဖြစ်မှာစိုးရိမ်သည့်အတွက်ကြောင့် စကားစမြည်ပြောဆို၍ခေါင်းစဉ်တစ်ခုရှာရန် သူမလက်ထဲကလက်ဆောင်ကို ကြည့်လိုက်၏။
"မစ္စရွှယ်က လက်ဆောင်ပြင်ဆင်လာတာလား"
"အင်း"
"အရမ်းစိတ်ဝင်စားဖို့ကောင်းတာပဲ"
"တကယ်လား?"
ရှန်းရှန်း ဝမ်းသာသွား၏။ ရုတ်ခြည်း အကြီးတန်းလက်ထောက်ဖန်းနှင့်ပတ်သတ်ပြီး ရင်းနှီးလာသလိုခံစားရကာ သူမကိုယ်လေးက မရည်ရွယ်ဘဲ ရှေ့သို့ကိုင်းညွတ်လာခဲ့သည်။
"ကျွန်မလဲ ဒီဘဲရုပ်လေးတွေက အရမ်းချစ်စရာကောင်းတယ်လို့ထင်တယ်၊ သူတို့အကုန်လုံး သီချင်းဆိုကြပြီးတော့ တစ်ရုပ်ချင်းစီက မတူညီတဲ့သီချင်းတွေကိုဆိုကြတာလေ"
YOU ARE READING
ရှန်းရှန်း ( ဘာသာပြန် )
RomanceCOMPLETED ✔️ Chapter - 41 + 1 epilogue + 5 extras Started Date - 19.1.2023 Ended Date - 6.12.2023