Chapter-31

2.7K 249 1
                                    



မျက်စိတစ်မှိတ်အတွင်းမှာပင် ဖုန်းထန်က နိုင်ငံခြားသို့ နှစ်ရက်ကြာသွားခဲ့သည်။ သို့သော် တစ်ကြိမ်လေးတောင် ဖုန်းပြန်မခေါ်သေးသောကြောင့် ရှန်းရှန်း တစ်ခုခုမှားနေသည်ဟု ခံစားနေရသည်။ တနင်္ဂနွေနေ့ညတွင် ရှန်းရှန်း အိပ်ရာပေါ်တွင်လှဲလျောင်းနေပြီး မျက်နှာကျက်ကိုစိုက်ကြည့်နေသည်။ ဘာပဲဖြစ်ဖြစ် သူမအိပ်လို့မရဘူး....

ထိုနေ့က သူမပြောခဲ့တဲ့စကားကို သူကြားသွားတာများဖြစ်နိုင်မလား? အကယ်၍ သူကြားခဲ့တယ်ဆို ဘော့စ်က သူမကို လွယ်လွယ်နဲ့လွှတ်ထားမှာ မဟုတ်ဘူးဆိုတာ အသေအချာပဲ။ ပုံမှန်အားဖြင့် ဘာအကြောင်းကိစ္စမှမရှိတဲ့အချိန်ဆို သူက သူမအား အနည်းငယ်အနိုင်ကျင့်ရန်အတွက် တစ်ခုခုကို ရှာနေပါလိမ့်မည်။

ဖြစ်နိုင်တာက သူအလုပ်များလွန်းနေလို့လား? အမေရိကားမှာ ဘယ်အချိန်ရှိပြီလဲသိချင်လိုက်တာ.. သူမ အဲဒီကို ဖုန်းဆက်သင့်သလား?

ရှန်းရှန်း အချိန်ကွာခြားချက်ကိုရေတွက်ကြည့်ရန် သူမလက်ချောင်းများကို သုံးလိုက်၏။ ရုတ်တရက် သူမဖုန်းမြည်လာလေသည်။

ဘော့စ်ဖုန်းခေါ်တာများလား?

သူမဖုန်းကို ပြေးယူရန်အတွက် အိမ်တွင်းစီးဖိနပ်ကိုစီးဖို့တောင် စိတ်မဝင်စားနိုင်တော့ ၊ ၎င်းက အမည်မသိဒေသခံနံပါတ်တစ်ခုဖြစ်သည်။ ရှန်းရှန်း နည်းနည်းလေး စိတ်ပျက်လက်ပျက်ဖြစ်သွားကာ ဖုန်းကိုင်လိုက်ပါ၏။ မားမားရွှယ်၏ပျော်ရွှင်စိတ်လှုပ်ရှားဖွယ်အသံကို သူမကြားနေရပြီး

"ရှန်းရှန်း အမေတို့တွေ S မြို့ရထားဘူတာရုံမှာ ရောက်နေတယ်!"

လူငါးယောက်ရောက်လာသည်နှင့်အမျှ ရွှယ်မိသားစုဟာ အံ့အားသင့်စရာ စုပေါင်းတိုက်ခိုက်မှုတစ်ခုလို့တောင် ယူဆနိုင်ပါသည်။ သူတို့မှာ ရှန်းရှန်းမိဘများ၊ လျိုလျိုမိဘများနှင့် ဖိုးဖိုးရွှယ်တို့ဖြစ်ကြ၏။ ရှန်းရှန်းက သူတို့ကို ရထားဘူတာရုံမှာတွေ့လျှင် ညည်းညူပြောဆိုပါတော့သည်။

"အမေတို့မလာခင် သမီးကို ဘာလို့ဖုန်းမဆက်လိုက်တာလဲ"

မစ္စရွှယ်က ပြုံးပြုံးရွှင်ရွှင်ဖြင့်

ရှန်းရှန်း ( ဘာသာပြန် )Where stories live. Discover now