လက်ထပ်ပြီးနောက် ဘဝနှင့်ပတ်သတ်သည့် စိတ်ဝင်စားဖွယ်အချက်များ - ၂ရှန်းရှန်းရဲ့ချောကလက်အိမ်လေး
အိမ်ရာနဲ့ပတ်သက်လာရင် ရှန်းရှန်းဟာ ငယ်ငယ်လေးကတည်းက ချောကလက်နဲ့လုပ်ထားတဲ့ အိမ်လေးတစ်လုံး လိုချင်ခဲ့သည်။
ချောကလက်ခေါင်းတိုင်၊ ချောကလက်နံရံများ၊ ချောကလက်ပြတင်းပေါက်များ၊ ချောကလက်အိပ်ရာ၊ စောင်ကိုလည်း ချောကလက်နဲ့လုပ်ထားရင် အကောင်းဆုံးဖြစ်မှာပါပဲ။ ညဘက် ဗိုက်ဆာလို့ အိပ်ရာနိုးလာခဲ့မယ်ဆိုရင် သူမ စားလို့ရတယ် ၊ ထို့နောက် စားလိုက်တဲ့ချောကလက်က နောက်နေ့တွင် အလိုအလျောက် ပြန်လည်ရရှိမည်ဖြစ်သည်။
အသက်နည်းနည်းကြီးလာလို့ အလယ်တန်းကျောင်းမှာ ရှန်းရှန်းက idol drama တွေကို ကြည့်ဖြစ်သည်။ ထို့နောက် သူမ၏အိပ်မက်ကို လိုက်လျောညီထွေဖြစ်အောင် ချိန်ညှိလိုက်သည်။
အိမ်ကကြီးရမယ်.. အရမ်း အရမ်း အရမ်းကြီးရမယ် ၊ အိမ်က အနည်းဆုံး ကျောင်းနှင့်မိုင် ၁၈၀၀ ဝေးရမယ်။ အိမ်ရှေ့တံခါးရှေ့မှာ အဆုံးမသတ်နိုင်တဲ့သစ်ပင်တွေနဲ့ ဖုံးလွှမ်းထားတဲ့ ကားလမ်းတစ်ခုရှိနေရင် အကောင်းဆုံးပါပဲ။ သွားလာဖို့အတွက် မိနစ် 30 ကြာမြင့်မည်ဖြစ်ပြီး ကားလမ်းအဆုံးသို့ ရောက်နိုင်မည်မဟုတ် ၊ ထို့အတွက်ကြောင့် သူမ ကျောင်းနောက်ကျရန် အကြောင်းပြချက်တစ်ခု ရှိနေပေလိမ့်မည်။
တက္ကသိုလ်တွင်လည်း ရှန်းရှန်းက အိပ်ဆောင်မှာပဲနေခဲ့သည်။ စစ်ဆေးရေးလုပ်တဲ့အချိန်တိုင်း ရှန်းရှန်းမှာ သေလုမျောပါး သန့်ရှင်းရေးလုပ်ခဲ့ရ၏။ ခါးနာ ကျောနာဖြစ်ခဲ့ရပြီး ၎င်းက ခိုလှောင်အိမ်လောက်တောင် မကျယ်တဲ့အခန်းတစ်ခန်းပါပဲ။ ပိုပြီးတော့သာကြီးမယ်ဆိုရင်တော့......
ထို့ကြောင့် ရှန်းရှန်းသည် နောင်တမရှိဘဲ အိမ်ကြီးကြီးတစ်လုံးအိပ်မက်ကို ရပ်တန့်လိုက်ခဲ့သည်။
သူမကို ခွင့်လွှတ်ပါ!
ရှန်းရှန်းကဲ့သို့သော ပစ္စည်းမဲ့လူတန်းစားများအတွက် 'အိမ်အကူ' ဟူသော စကားလုံးသည် သူမခေါင်းထဲတွင် လုံးဝပေါ်မလာခဲ့ပါ။
YOU ARE READING
ရှန်းရှန်း ( ဘာသာပြန် )
RomanceCOMPLETED ✔️ Chapter - 41 + 1 epilogue + 5 extras Started Date - 19.1.2023 Ended Date - 6.12.2023