Interesting Tidbits - 4

1.7K 137 2
                                    


လက်ထပ်ပြီးနောက် ဘဝနှင့်ပတ်သတ်သည့် စိတ်ဝင်စားဖွယ်အချက်များ - ၄

ပျားလိမ္မော်ပင်

ဝမ်ပေါ်က အနောက်ဘက်ဆောင်ရှိဧည့်ခန်းထဲသို့ လျှောက်သွားသောအခါ ရှန်းရှန်းက မီးဖိုရှေ့တွင်ထိုင်ကာ ဂိမ်းဆော့ရန် လက်ပ်တော့ကို ကိုင်ထားသည်။ ဖန်သားပြင်ပေါ်တွင် ရှုခင်းလှလှလေးတစ်ခုရှိနေပြီး အစစ်လိုပင်ဖြစ်ရာ ဇာတ်ကောင်များကလည်း လှပကြော့ရှင်း၏။ ၎င်းက ကျန်းဟူအိပ်မက်များ(၂) ဖြစ်သည်။

ကျန်းဟူအိပ်မက်များ(၂)ကို ရရှိနိုင်သည်မှာ နှစ်နှစ်ကျော်ပြီဖြစ်သော်လည်း ၎င်းက ရေပန်းစားနေမြဲပင်။ ၎င်းကို ကစားသူအရေအတွက်ဟာ စဉ်ဆက်မပြတ်တိုးများလာပြီး အဓိကအွန်လိုင်းဂိမ်းများစာရင်းတွင် မြင့်မားနေဆဲဖြစ်သည်။ ရင်းနှီးမြုပ်နှံသူဘော့စ်၏ဇနီးအနေဖြင့် ရှန်းရှန်းက သစ္စာရှိရှိ ထောက်ခံသူများထဲမှတစ်ဦးဖြစ်သည်။

ရှန်းရှန်း ကော်ဇောထူထူပေါ်တွင် ထိုင်ကာ နူးညံ့အိစက်နေသောကူရှင်ကို မှီလိုက်သည်။ သူမရဲ့ဘယ်ဘက်လက်ထဲတွင် သရေစာဘူးတစ်ဘူးရှိပြီး ညာဘက်လက်တွင် ပူပူနွေးနွေး စပျစ်သီး လက်ဖက်ရည်ခွက်တစ်ခွက်ရှိနေ၏။ နွေးထွေးသည့်မီးဖိုအနီးတွင် ဘော့စ်ကိုအနိုင်ယူပြီး နှင်းထူထပ်သောဆောင်းရာသီတွင် လက်ဖက်ရည်သောက်ခြင်းက အလွန်သာယာလှပေသည်။

ဝမ်ပေါ်က လမ်းလျှောက်ဝင်လာပြီး

"မဒမ် အကြီးဆုံးသခင်မလေးနဲ့ဦးလေးက ဒီမှာရောက်နေပါတယ်"

ဝမ်ပေါ်က 'မဒမ်' လို့ခေါ်တာကို ရှန်းရှန်းကြားသည့်အချိန်တိုင်း သူမ အလွန်ရှက်သွေးဖြာနေလိမ့်မည်။ ယန်ချင်းကို 'ဦးလေး' ဟုခေါ်ခြင်းမှာ ပို၍ရှက်စရာကောင်းသော်လည်း ဝမ်ပေါ်က ဖုန်းမိသားစု၏အဖိုးမျိုးဆက်မှ အကြီးအကဲတစ်ဦးဖြစ်သောကြောင့် လူတိုင်းက သူ့အလေ့အထကို လေးစားလိုက်နာရမည်ဖြစ်သည်။

"အစောကြီးလာတာလား?"

အခုမှ မွန်းတည့်ချိန်ပဲရှိသေး၏။ ယခင်နှစ်များက သူတို့တွေ ညနေလေးငါးနာရီကျော်လောက်မှ လာတတ်ကြသည်။ ရှန်းရှန်း လက်ပ်တော့ကို အောက်ချလိုက်ပြီး သူတို့ကိုကြိုဆိုရန် ဝမ်းသာအားရ မတ်တပ်ရပ်လိုက်သည်။

ရှန်းရှန်း ( ဘာသာပြန် )Where stories live. Discover now