Chapter-3

4.1K 353 12
                                    


နောက်တစ်နေ့တွင်လည်း တစ်ချိန်တည်းမှာပဲ ရှန်းရှန်း၏ထိတ်လန့်ကြောက်ရွံ့မှုကို အတည်ပြုပေးလိုက်သကဲ့သို့ နောက်ထပ်အာဟာရဖြစ်စေမည့်နေ့လယ်စာကို လာပို့ပေးခဲ့သည်။ သည်တစ်ကြိမ်မှာတော့ လင်တမဟုတ်တော့ဘဲ ဥက္ကဌကြီး၏ရုံးခန်းမှ လင်တရဲ့လက်ထောက်ဖြစ်ဟန်တူမည့် အတွင်းရေးမှုးချောချောလေး အားမေဖြစ်၏။

သုံးရက်မြောက်နေ့တွင်တော့ အားဗီဟုခေါ်သည့်အတွင်းရေးမှူးတစ်ယောက်ဖြစ်သည်။

နေ့တိုင်း လှပသောအတွင်းရေးမှူးတစ်ဦးချင်းစီ နေ့လယ်စာလာပို့ကြ၏။ ( နှစ်ကြိမ်မှာတော့ ရှန်းရှန်း၏နှလုံးသားလေးကို ဒရမ်လိုမျိုးခုန်ပေါက်စေနိုင်သော ကြည့်ကောင်းဖော်ရွေသည့်ယောက်ျားလေးလက်ထောက်ကလာပို့ပေးခဲ့သည် ) မပြောင်းလဲသွားသောတစ်ခုတည်းသောအရာမှာ နေ့လယ်စာဘူးအတွင်းမှဝက်အသည်းဖြစ်သည်။

ရှန်းရှန်း တကယ်ပဲ အော်ဟစ်လိုက်ချင်၏ — ငါ့ခန္ဓာကိုယ်ထဲမှာ အနှစ်နှစ်ဆယ်လောက် ပြုစုပျိုးထောင်ပေးထားတဲ့သွေးတွေကို လှူဒါန်းဖို့ အမြဲတမ်း ဆန္ဒရှိပါတယ်၊ ကျေးဇူးပြုပြီး ငါ့ကို ဝက်အသည်းတွေမစားခိုင်းပါနဲ့တော့... ငါ့အစားအသောက်ကို ငါ့ကိုပဲရွေးချယ်ခွင့်ပြုပါ....

သေချာတာပေါ့ ဤအတွေးကို သူမရင်ထဲမှာပဲ မြှုပ်နှံထားခဲ့ခြင်းဖြစ်သည်။ သူမသတ္တိ ဆယ်ဆတိုးလာခဲ့လျှင်တောင် သူမ အော်ပြောရဲမှာမဟုတ်။

ဥက္ကဌရုံးခန်းမှ သီးသန့်နေ့လယ်စာအား နှစ်ပတ်ခန့်စားသုံးပြီးနောက် ရှန်းရှန်းလိုမျိုးနုံအသည့်လူတစ်ယောက်တောင်မှ စတင်၍ စိတ်မသက်မသာ ခံစားလာခဲ့ရသည်။

သူမ ဒီလောက်အများကြီးစားရအောင် သွေးကဘယ်လောက်တောင်လိုအပ်နေတာလဲ....

ရှန်းရှန်းမှာ အလုပ်ထွက်ရန် စဉ်းစားခဲ့သော်လည်း နောက်တစ်နေ့ရောက်ရင် နေ့လယ်စာပို့ခြင်းကရပ်တန့်သွားလိမ့်မယ်လို့ သူမ နေ့တိုင်းတွေးနေခဲ့သောကြောင့် အလုပ်ထွက်ရန်မလိုအပ်ပေ။ တကယ်တမ်း အာဏာပိုင်ကြီးက နှစ်ပတ်ဆက်တိုက် အဆက်မပြတ်နေ့လယ်စာပို့လာမယ်လို့ ဘယ်သူကသိမှာလဲ?

ရှန်းရှန်း ( ဘာသာပြန် )Where stories live. Discover now