Chapter-16

2.7K 271 2
                                    



Big Boss က လက်လှမ်းမမီနိုင်ဘူးဟု သူမ အဘယ်ကြောင့် ခံစားလိုက်ရသနည်း။

သူက စကြဝဠာတစ်ဖက်ခြမ်းကိုတောင် ပျောက်ကွယ်သွားဖို့လိုတယ်!

Big Boss ၏လက်ခုပ်တွင်းသို့ တစ်ဖန်ပြန်ကျရောက်လာသောအခါ ရွှယ်ရှန်းရှန်းသည် ဝိုင်ဖန်ခွက်ကို စိတ်ပျက်လက်ပျက်ဖြင့် ကိုင်ဆောင်ကာ Big Boss ၏နောက်မှလမ်းလျှောက်လိုက် ၊ ပြုံးရယ်လျက် ဖန်ခွက်တချွင်ချွင်မြည်သံများနှင့်အတူ ယဉ်ကျေးသိမ်မွေ့စွာ စကားပြောဆိုနေရသည်။

အရသာရှိသည့်ဘူဖေးကို မစားနိုင်တာနှင့်တင် ကြေကွဲစရာဖြစ်နေပြီ ၊ ပိုဆိုးတာက ဒေါက်မြင့်ဖိနပ်နဲ့ နေရာအနှံ့လမ်းလျှောက်နေရတာပါပဲ။

ကောင်းပြီ သူမ ဒီအခက်အခဲတွေကိုသည်းခံနိုင်ပေမဲ့ တကယ်ကို သည်းမခံနိုင်တဲ့အရာတွေလည်းရှိနေတယ်!

ဥပမာအားဖြင့် ဤဝတ်စုံပြည့်ဝတ်ဆင်ထားတဲ့လူအိုကြီးကိုကြည့်လိုက်..

"မစ္စရွှယ်က ဒီညတောက်ပနေတယ် မင်းရဲ့ပုံမှန်အသွင်အပြင်နဲ့ မတူဘူး ငါမင်းကိုမဲပေးရမယ်"

တောက်ပနေတယ်...... ဒီသက်ကြားအိုကြီးကတော့! ရှင်က မျက်တောင်မခတ်ဘဲလိမ်နေတာပဲ!

"ကျေးဇူးတင်ပါတယ် ရှင်ကကြင်နာလွန်းနေပါပြီ"

ရှန်းရှန်း ပြုံးလိုက်သည်။

နောက်ဥပမာတစ်ခုကတော့ ဒီတရုတ်ရိုးရာအဝတ်အစားနဲ့လူအိုကြီးပဲ..

"မစ္စရွှယ်က သဘာဝအလှတရားလေးပဲ၊ နုပျိုပြီးအသက်ဝင်တယ်......(ချန်လှပ်ထားသည်နှင့်သံတူကြောင်းကွဲ) အာ! ဒီလိုမျိုး...... (ညှီစို့စို့ ဥပစာများကိုချန်လှပ်ထားသည်)...... အာ! ဥက္ကဌကြီးနဲ့အတူတူဆိုတော့.... (ငြီးငွေ့ဖွယ်အလားတူမှုများကိုချန်လှပ်ထားသည်).....အာ!"

"ကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ်"

( T/N : Etrans မှာပါတဲ့အတိုင်းပြန်လိုက်တာပဲ အဘိုးကြီးဘာပြောချင်မှန်းတော့သေချာမသိဘူး၊ သေချာတာတော့ကောင်းတာပြောတာတော့မဟုတ်ဘူး ပညာသားပါပါပြောသွားတာပဲဖြစ်မယ် )

ရှန်းရှန်းသည် အပြင်ပန်းတွင် မျက်နှာချိုသွင်းပြီးအရှက်ရနေဟန်ပုံပေါ်သော်လည်း အတွင်းစိတ်ထဲတွင်တော့ အဆိုးမြင်ဝါဒီဖြစ်နေလျက် — အံ့ဩစရာကောင်းလိုက်တာ! မျက်တောင်တစ်ချက်မခတ်ဘဲလိမ်လည်ခြင်းက အရည်အချင်းတစ်ခုလို ဖြစ်နေပြီဆိုပေမဲ့ ကဗျာတွေစပ်ဆိုနိုင်တဲ့ထိတောင် ဖြစ်နေပြီလား!

ရှန်းရှန်း ( ဘာသာပြန် )Where stories live. Discover now