Chapter-11

3.2K 279 3
                                    



ယခုအချိန်တွင် ဝန်ထမ်းငယ်လေးရှန်းရှန်းထံ၌ ဝါသနာအသစ်တစ်ခုရှိနေပြီ — အိပ်ရာမဝင်ခင် နှစ်နာရီကြာအွန်လိုင်းဂိမ်းကစားခြင်း။

အကောင့်သစ်၊ ရွှယ်နျိုဂိမ်း၊ ဇာတ်ကောင်နာမည်မှာ'ဘော့စ်ကိုအနိုင်ယူပြီးကောင်းကောင်းအိပ်'။

တချို့စပ်စုလွန်းသောလူတွေက ဘာလို့ 'ဘော့စ်ကိုအနိုင်ယူ၊အနမ်းပေးပြီးကောင်းကောင်းအိပ်' မဟုတ်ရတာလဲလို့ မေးကြပေမဲ့ ရှန်းရှန်းကတော့ ပျော်ပျော်ရွှင်ရွှင် ဆက်ကစားလျက်ရှိသည်။ ဘော့စ်ကိုအနိုင်ယူပြီးသည့်ညတိုင်း ရှန်းရှန်း ကောင်းကောင်းအိပ်စက်နိုင်ပြီး တစ်နေ့တာမှာဖြစ်ပျက်ခဲ့သော စိတ်မချမ်းမြေ့စရာကိစ္စများကိုလည်း မေ့ဖျောက်နိုင်ခဲ့သည်။

ကောင်းကောင်းအိပ်စက်ရသည့်အပြင် ဥက္ကဌကြီးရုံးခန်းတွင် စားသောက်ရခြင်း၏ရလဒ်မှာတော့ ရှန်းရှန်း ကိုယ်အလေးချိန်တက်လာခြင်းဖြစ်သည်။ ထို့ကြောင့် ရှန်းရှန်းသည် အလွန်အားရကျေနပ်စွာ အံ့အားသင့်နေလေ၏။

ကိုယ်အလေးချိန်တက်လာသောအသားများမှာ ပိုက်ဆံမကုန်ဘဲ Big Boss ၏အစားအသောက်အများမှ ဖြစ်လာခြင်းဖြစ်သည်။ လုံးဝဥဿုံ အလကားစားရတာလေ.. သူမ ဘယ်လိုမှအံ့ဩပြီး စိတ်လှုပ်ရှားနေမှာမဟုတ်ဘူး။ ရှန်းရှန်းသည် သူမက အသာရတယ်လို့တောင် ခံစားရသည်။

တစ်ညတွင် ရှန်းရှန်း ဘော့စ်ကိုအနိုင်ယူပြီးနောက် သူမ အိပ်ရာမဝင်ခင် သွားတိုက်ရန် ရေချိုးခန်းထဲသို့ဝင်သွားသည်။ မှန်ရှေ့မှာရပ်နေရင်း ရှန်းရှန်း သူမပါးပြင်ကို လက်ညှိုးဖြင့်ထိုးကြည့်လိုက်သည်။

အိုး ဒီအသားလေးကပိုဖြူလာပြီး နူးညံ့နေတာပဲ၊ အရင်ကထက်တောင် ခံစားလို့ကောင်းနေတယ်။ ဒါက Big Boss ကြီးရဲ့ skincare ပစ္စည်းတွေရဲ့အကျိုးကျေးဇူးပဲ ဖြစ်ရမယ်။

အထပ်ထပ်အခါခါ ဘယ်ဘက်ပါးပြင်ကိုထိုးကြည့်ပြီးနောက် ညာဘက်ပါးပြင်ကိုထိုးကြည့်နေလျက် ရုတ်တရက် ရှန်းရှန်း ဝမ်းနည်းလာကာ သူမကိုယ်သူမ ရေရွတ်မိ၏။

"အိုက်ယား ငါ့မျက်နှာလေးကမဆိုးတော့တာကို ဘာလို့ ဘယ်ယောက်ျားလေးကမှ ငါ့ကိုမကြိုက်ကြတာလဲ"

ရှန်းရှန်း ( ဘာသာပြန် )Where stories live. Discover now