Chapter-2

5K 376 11
                                    


ရှန်းရှန်းက ငယ်ငယ်လေးကတည်းက ကျန်းမာရေးကောင်းခဲ့ခြင်းဖြစ်သည်။ သွေး 300CC ဆုံးရှုံးသွားခြင်းက ဘာမှမဟုတ်ပေ ၊ သူမသည် အိမ်မှာပဲ ရက်အနည်းငယ်အနားယူပြီးနောက် အလုပ်သို့ပြန်သွားခဲ့၏။

ရွှယ်ရှန်းရှန်းသည် သူမဘဝကံကြမ္မာက စတင်တိမ်းစောင်းလာပြီမှန်း မသိခဲ့ချေ။

သူမအလုပ်သို့ရောက်သည်နှင့် ရှန်းရှန်းမှာ အော်ဟစ်အဆူခံရန်အတွက် သူမ၏ဒေါသထွက်နေသောမန်နေဂျာရုံးခန်းထဲသို့ အခေါ်ခံလိုက်ရသည်။ အကြောင်းမှာ သူမက အချက်အလက်အမှားများနှင့် အစီရင်ခံစာများကိုအဆုံးသတ်ခဲ့ခြင်းကြောင့်ပင်။

ဖုန်းထန်က ကြီးမားသောစီးပွါးရေးကော်ပိုရေးရှင်းကြီးတစ်ခုဖြစ်ပြီး အချို့လုပ်ငန်းများတွင် လက်အောက်ခံကုမ္ပဏီခွဲများဖြင့် လွှမ်းမိုးအုပ်ချုပ်ထားသည်။ လက်အောက်ခံကုမ္ပဏီတစ်ခုချင်းက ကွဲပြားခြားနားကြကာ ၎င်းသည် ငွေစာရင်းနံပါတ်များခွဲဝေမှုအပေါ် သက်ရောက်မှုရှိ၏။

ရှန်းရှန်းက အတွေ့အကြုံမရှိသေးသောဝန်ထမ်းသစ်တစ်ယောက်ဖြစ်ပြီး လုပ်ဖော်ကိုင်ဖက်များက သူမအား အစီရင်ခံစာများကိုမည်သို့ပြင်ဆင်ရကြောင်းညွှန်ပြပေးသည့်အချိန်တွင် သေချာလေ့လာမှတ်သား၍ လုပ်ဖော်ကိုင်ဖက်များ ပြီးစီးသွားသည့်အခါတွင် အစီရင်ခံစာများကိုလက်မှတ်ရေးထိုးလိုက်၏။

မန်နေဂျာက ဒါတွေကိုသိသော်လည်း သူက ဤဝန်ဝမ်းသစ်ကို သဘောမကျသောကြောင့် ၎င်းကိစ္စအပေါ်တဖျစ်တောက်တောက်ပြောရန် ဤအခွင့်အရေးကိုဆုပ်ကိုင်လိုက်သည်။

တကယ်တော့ ရှန်းရှန်းက ဘာတစ်ခုမှအမှားမလုပ်ထားခဲ့ချေ ၊ သူမရဲ့တစ်ခုတည်းသောအမှားကတော့ သူမကအရည်အချင်းမပြည့်မှီသော်လည်း ၎င်း၏ပြင်းထန်သောဝန်ထမ်းသစ်စုဆောင်းမှုစံချိန်စံနှုန်းများဖြင့် လူသိများသောစီးပွါးရေးကော်ပိုရေးရှင်ကြီးတစ်ခုက သူမကိုလက်ခံထားခဲ့တာပဲ။

ယေဘုယျအားဖြင့် ဂုဏ်သတင်းမကြီးသောတက္ကသိုလ်များမှဘွဲ့ရများကို လက်ခံခြင်းမရှိပေ ၊ နောက်ပြီး မန်နေဂျာစိတ်ထဲမှာလည်း ရှန်းရှန်းကိုအရေးနိမ့်သွားခဲ့သော ပိုတော်တဲ့တခြားတစ်ယောက်ယောက်ရှိနေပြီးသားဖြစ်သည်။ မန်နေဂျာမှာ ဖြောင့်မတ်တည်ကြည်သောလူအိုကြီးတစ်ယောက်ဖြစ်ကာ ရှန်းရှန်းက အနောက်တံခါးဆက်သွယ်ရေးများကိုအသုံးချခဲ့တယ်လို့ သံသယဝင်နေသောကြောင့် သူက သူမကို အလိုလိုသဘောမကျခြင်းဖြစ်၏။

ရှန်းရှန်း ( ဘာသာပြန် )Where stories live. Discover now