Chapter-25

3K 286 6
                                    



ရှန်းရှန်း မုန်လာဥများဘေးတွင် ထိုင်ကာ အဲဒါတွေကိုမတူးမီ အချိန်အကြာကြီး စိုက်ကြည့်နေသည်။ ထို့နောက် သူမ ရေကန်ဘေးတွင် ငါးမျှားနေသောလူတစ်စုကို လှမ်းကြည့်ရင်း စိတ်ပိုင်းဆိုင်ရာ တစ်ဖက်စောင်းနင်းဖြစ်ခြင်းကို ပြင်းထန်စွာ ခံစားလာရတော့သည်။

အရင်းရှင်တွေက တကယ့်ကို အကျင့်ပျက်ခြစားနေကြတာပဲ! ငါးမျှားနေကြပေမဲ့လည်း ဘာကြောင့်မှန်းမသိ အအေးဒဏ်မှ ကာကွယ်နိုင်ရန် သစ်သားအိမ်လေးတွေ ဆောက်လုပ်ထားကြ၏။ လူတစ်စုက ထိုနေရာတွင်ထိုင်ကာ လက်ဖက်ရည်သောက်ရင်း ငါးမျှား၊ စကားပြောရင်း တိုးညင်းစွာ ရယ်မောနေကြသည့်အချိန် သူမမှာတော့ လေအေးတွေကြားမှာ မုန်လာဥတူးနေရတယ်!

အမြဲတမ်းဝန်ထမ်းတွေကို ဒီလိုအသုံးပြုလို့မရဘူး!

ရှန်းရှန်းသည် ဆန္ဒပြနိုင်ချေကို လေးလေးနက်နက် စတင်စဉ်းစားလာပါတော့သည်။

သို့သော် လက်ရှိတွင် သူမက သူ့အိမ်၌ ကပ်ပါးရပ်ပါးနေနေသူတစ်ယောက်ဖြစ်နေကြောင်း သတိရမိသွား၏။ လေယာဉ်လက်မှတ်ကြေးကို ဖုန်းထန်က ပေးချေခဲ့သဖြင့် ရှန်းရှန်း၏ပုန်ကန်စိတ်လေးမှာ ငြိမ်သက်သွားရပါသည်။

ထားလိုက်ပါတော့ ထားလိုက်ပါတော့ ဒီမုန်လာဥတွေကို အခမဲ့တည်းခိုခွင့်ပေးတဲ့အတွက် ပြန်ပေးဆပ်တယ်လို့ပဲသဘောထားလိုက်....

ရှန်းရှန်း သူမကံကြမ္မာကို ကြိတ်မှိတ်လက်ခံထားပြီး မုန်လာဥတွေကို စတင်တူးယူလိုက်သော်လည်း ခဏတိုင်း ရေကန်ဆီသို့ စိတ်လိုလက်ရ မျှော်ကြည့်နေမိသည်။ သူမ N ကြိမ်များအထိ ချောင်းကြည့်နေသောအခါ ဖုန်းထန်အကြည့်များနှင့် ဆုံမိသွားတော့၏။ ဖုန်းထန်က သူမကို စိုက်ကြည့်ရင်း မမျှော်လင့်ဘဲ နေရာမှထကာ လမ်းလျှောက်လာလေသည်။

ရှန်းရှန်း ခေါင်းအမြန်ငုံ့ကာ မုန်လာဥတူးခြင်းကို အာရုံစိုက်ဟန်ဆောင်လိုက်သည်။

"ရွှယ်ရှန်းရှန်း ဒါက မင်း ဒီလောက်အကြာကြီး တူးနေတာရဲ့ရလဒ်ပေါ့?"

ရင်းနှီးနေသောအသံအောအောကိုကြားရပြီးနောက် အနက်ရောင်ဖိနပ်တစ်ရံကို ရှန်းရှန်း မြင်လိုက်ရသည်။ သူမ စိတ်ထိခိုက်နေသဖြင့် သူ့ကို လျစ်လျူရှုကာ သူမလက်ချောင်းများဖြင့် မြေကြီးကိုထိုးဆွနေရင်း စကားနည်းနည်းပြန်ပြော၏။

ရှန်းရှန်း ( ဘာသာပြန် )Where stories live. Discover now