"ကျွန်မတို့မိသားစုဝင်တွေ တစ်ယောက်ချင်းစီက အစားအသောက်အရမ်းဇီဇာကြောင်ကြတယ်.. ကျွန်မက အနည်းဆုံး ဇီဇာကြောင်တာလို့ ယူဆလို့ရတယ် ဒီစိုက်ပျိုးရေးခြံကိုလဲ ကျွန်မအဖိုးက တည်ထောင်ခဲ့တာ၊ သူက လက်ရှိအပင်တွေမှာ ဓာတုပစ္စည်းတွေ အလွန်အကျွံသုံးစွဲတာက စားသုံးရာမှာ အန္တရာယ်ဖြစ်စေတာကိုမကြိုက်လို့ မြေကွက်တစ်ကွက်ကိုရှာပြီး အပင်တွေစိုက်ပျိုးဖို့အတွက် လူနည်းနည်းရှာဖို့ ဆုံးဖြတ်ခဲ့တယ်"နံနက်စာစားပြီးသောအခါ စိုက်ပျိုးရေးခြံသို့မသွားမီ ယန်ချင်းရောက်လာရန်စောင့်နေရင်း ခဏလောက် အနားယူနေကြသည်။ မစ္စဖုန်းက ရှန်းရှန်းကို သီးသန့်ကားတစ်စီးဆီသို့ ဆွဲခေါ်သွားပြီး သူမအား နှစ်ကိုယ်ကြားစကားပြောချင်နေ၏။ သူမကားမောင်းရင်း ဖုန်းမိသားစုစိုက်ပျိုးရေးခြံသမိုင်းကို ရှန်းရှန်းအား ပြုံးပြုံးရွှင်ရွှင် ရှင်းပြလာသည်။
"အဖိုးအသက်ရှိစဉ်တုန်းကတော့ သူအမြဲပြောလေ့ရှိတာက ဒီစိုက်ပျိုးရေးခြံနဲ့ဆို စီးပွါးရေးမဏ္ဍိုင်လေးရပ်ဖြစ်တဲ့ 'မြေယာ၊ စိုက်ပျိုးရေး၊ စက်မှုလက်မှုလုပ်ငန်းနဲ့ကူးသန်းရောင်းဝယ်ရေး' တို့ကို ကျွန်မတို့မိသားစုက ချုပ်ကိုင်ထားရလိမ့်မယ်တဲ့"
ရှန်းရှန်း သူမအံ့ဩသွားပုံကို ထူးထူးဆန်းဆန်း ဖော်ပြလိုက်၏။ မိသားစုက စိုက်ပျိုးရေး၊ ကူးသန်းရောင်းဝယ်ရေးနဲ့ စက်မှုလက်မှုလုပ်ငန်းတွေမှာ ပါဝင်နေတာကို သူမမြင်နိုင်ပေမဲ့ မြေယာကရော?
မစ္စဖုန်းက သူမ၏သံသယများကိုမြင်ပြီး အစချီရှင်းပြလာခဲ့သည်။
"ကျွန်မတို့မိသားစုဘိုးဘေးတွေက တစ်လျှောက်လုံး ပညာရှင်ဖြစ်ခဲ့တာ.. မင်မင်းဆက်လက်ထက်မှာ သူတို့တွေက တရားဝင်ရာထူးတွေကို အဆင့်ဆင့်ရယူနိုင်ခဲ့တယ် အဲဒီနောက် ချင်မင်းဆက်လက်ထက်မှာတော့ စီးပွားရေးလုပ်ဖို့အတွက် ပြောင်းလဲခဲ့တယ်"
( မှတ်ချက် - ဖုန်းမိသားစုမှာ ပညာရှင်အဖြစ်စတင်ခဲ့သည်။ မင်မင်းဆက်တွင် မိသားစုဝင်များသည် မြေယာပိုင်ဆိုင်သော တော်ဝင်အမှုထမ်းများဖြစ်လာခဲ့၏။ ယင်းမှာ ဖုန်းမိသားစုက ၎င်းတို့၏စည်းစိမ်နှင့်အင်အားများ စတင်ထွန်းကားလာချိန်ဖြစ်သည်။ ထို့ကြောင့် အဖိုးကြီးဖုန်းက မြေယာကိုအလေးထား၏။ )
YOU ARE READING
ရှန်းရှန်း ( ဘာသာပြန် )
RomanceCOMPLETED ✔️ Chapter - 41 + 1 epilogue + 5 extras Started Date - 19.1.2023 Ended Date - 6.12.2023