Chapter-33

3.1K 279 7
                                    



ကမ္ဘာ့အပြင်ဘက်အာကာသဟင်းလင်းပြင်ထဲမှ ဉာဏ်ထိုင်းသောမိန်းကလေးတစ်ယောက်အနေဖြင့် ရွှယ်ရှန်းရှန်းဟာ အမှန်တရားကို ချက်ချင်းဆိုသလို သဘောပေါက်သွားပါသည်။ မသိစိတ်က Big Boss နဲ့သူမက လမ်းခွဲတော့မယ်လို့ ခံစားနေရတယ်?

ထို့ကြောင့် သူမက ထမင်းစားရန် သူ့ရုံးခန်းကို မသွားဝံ့တော့ဘူး ၊ သူတို့တွဲနေသည့်အကြောင်းကိုလည်း လုပ်ဖော်ကိုင်ဖက်များအား သိခွင့်မပေးဝံ့သလို သူမမိသားစုကိုပင် မပြောဝံ့တော့ပေ။

သာ့ဟွားနှင့်အဲဒီအချိန်တုန်းက ဖုန်းထန်ကသာ ၎င်းအား ထုတ်ဖော်ရန် အစပျိုးမလာခဲ့ဘူးဆိုပါက သူမ သာ့ဟွားကိုပြောပြမှာမဟုတ်ကြောင်း တွေးမိသွားသည်။

လက်စသတ်တော့.... သူမက တကယ်ပဲ ဒီလိုထင်နေတာလား?

ရှန်းရှန်း ရက်အနည်းငယ်ဆက်တိုက် အိပ်မပျော်ခဲ့ဘူး။

လေးရက်ကြာပြီးနောက် ဖိုးဖိုးရွှယ်က ဆေးရုံမှဆင်းလာသည်။ သူ၏ရောဂါက လျင်မြန်စွာ ပြန်ဖြစ်လာပါသော်လည်း သင့်လျော်သောကုသမှုကိုခံယူပြီးနောက် ပြန်လည်ကောင်းမွန်လာမှုမှာလည်း အလွန်မြန်ဆန်ပါ၏။ မားမားရွှယ်နှင့်တစ်မိသားစုလုံးမှာ S မြို့တွင် ပင်ပန်းနွမ်းနယ်နေကြပြီး အိမ်ပြန်ရန် စိတ်အားထက်သန်နေကြသောကြောင့် ခဏတာပင် မနေချင်ကြတော့ပေ။

ရှန်းရှန်းမှာ ဆေးရုံဆင်းစာရွက်စာတမ်းများဖြေရှင်းရန်နှင့် သူတို့အတွက် ရထားလက်မှတ်ကြိုမှာထားရန်အတွက် ပြေးလွှားနေရသည်။ သူတို့ကို ချောချောမွေ့မွေ့ ပြန်ပို့ပေးလိုက်ပြီးနောက် သူမအားအင်တွေ ကုန်ဆုံးသွားသလိုပင်။

သို့သော် ဖုန်းယွဲ့ထံမှငှားထားသောအိမ်ကို သန့်ရှင်းရေးလုပ်ပြီး သော့ပြန်ပေးရန် လိုအပ်သေးသဖြင့် သူမ အနားမယူနိုင်သေးပေ။ ဒါပေါ့ သူမကျေးဇူးတင်ကြောင်းပြသရန်အတွက် သူမက ဖုန်းယွဲ့နှင့်ယွမ်လီရှူးတို့ကိုလည်း ထမင်းစားဖိတ်ရပါမည်။

ဖုန်းယွဲ့ကိုဖုန်းမခေါ်မီ ရှန်းရှန်းအနေဖြင့် ဒီတစ်ခေါက်တွင် ပိုကျေးဇူးတင်သင့်သောသူမှာ Big Boss ဖြစ်ကြောင်း ရုတ်တရက် တွေးမိသွားသည်။

ရှန်းရှန်း ( ဘာသာပြန် )Where stories live. Discover now