UNICODE
စည်းများခြားသော်***
Segment 4
ပန်ဆင် တိုက်ခန်းထဲရောက်တော့
သရုပ်ဆောင်ထားတာနဲ့ပင်ပန်းကာ
ပြစ်လှဲချင်နေသည်။သို့ပေမဲ့ ဗိုက်ကဆာနေတာမို့
ပြန်ထကာ အပြင်ထွက်လိုက်တော့
ဆိုဖာမှာထိုင်၍ စီးကရပ်ဖွာနေတဲ့သူက
ပန်ဆင့်ကိုဖျက်ခနဲလှမ်းကြည့်ရင်း
အရှေ့လှည့်သွားကာ ဖုန်းကိုအာရုံပြန်စိုက်၏။ပန်ဆင် သူ့ကိုသိပ်အရေးလုပ်မနေပဲ
မီးဖိုခန်းထဲဝင်လာကာ ကြည့်လိုက်တော့
ပန်ဆင့်ကိုအံ့ဩသွားစေသည်။မီးဖိုခန်းထဲမှာ ဒယ်အိုးမပြောနဲ့ ပေါင်းအိုး
တစ်လုံးတောင်ရှိမနေပါ့လား.....။ပန်ဆင်တို့တိုက်ခန်းမှာ အခန်းနှစ်ခန်းရှိသည်ဖြစ်၏။
တစ်ခန်းကဧည့်ခန်းနှင့် နောက်မှာကမီးဖိုချောင်...ဧည့်ခန်းထောင့်မှာ စားပွဲတစ်လုံးခင်းထားပြီး
Microwave နှင့် ပေါင်မုန့်ကင်စက်ကလွဲရင်
ကျန်တာမရှိပေ.....။
ပန်ဆင်ကသူမီးဖိုချောင်ထဲမှာပစ္စည်းတွေအစုံ
ဝယ်ထားမယ်ထင်တာ အခုဟာကဘာမှလဲမရှိ....။
ဒီလူ ဘယ်လိုအသက်ရှင်နေတာလဲ....ရှင်းပြောင်နေတဲ့နေရာကြီးမှာ
ရေခဲသေတ္တာကြီးကြီးတစ်လုံးကလွဲရင်
ကျန်တာဟာ ဗလာနတ္ထိ.....။ပန်ဆင် အံ့ဩစွာဖြင့် အရှေ့ပြန်လာကာ
သူ့ကိုပြောစရာစကားတောင်ပျောက်ရှနေရ၏။
သူကပန်ဆင် ရပ်နေမှန်းသိတော့
မျက်နှာလှည့်လာကာ ဘာပြောချင်လို့လဲ
ဆိုတဲ့ပုံနဲ့ မျက်လွှာပင့်ကြည့်ရင်း
ဖုန်းကိုပြန်ငုံ့သွားသည်။“ရှင် ထမင်း ဘာနဲ့စားလဲ.....”
“ပါးစပ်နဲ့.....”
DU LIEST GERADE
စည်းများခြားသော် {Complete}
Romantik"ရှင်ပဲကျွန်မတို့ကြားစည်းခြားခဲ့တာမလား...." "အဲ့တာဘာဖြစ်လဲ စည်းဆိုတာငါကနေဖြစ်လာရင် ငါကိုယ်တိုင်ကအဲ့စည်းကိုဖျက်မယ်..." "ရှင် လူလည်မကျနဲ့...." #နွေနှောင်းငယ်