*12*

4.3K 92 5
                                    

UNICODE

စည်းများခြားသော်***

                Segment 12

ပန်ဆင် သန့်စင်ခန်းထဲကပြန်ထွက်လာတော့
အစောကမှောက်သွားတဲ့ကော်ဖီတွေကို
သန့်ရှင်းရေးလုပ်နေတာမို့ နည်းနည်းတော့
အားနာသွားရ၏။

ပန်ဆင် ခပ်လှမ်းလှမ်းမှာတင်ထားတဲ့
အိတ်ကိုယူရင်းမှ ကုမ္ပဏီထဲက
ထွက်ရန်ပြင်လိုက်စဉ် ရပ်ထားတဲ့ကားနားမှာ
ရပ်စောင့်နေတဲ့သူက ပန်ဆင့်ကိုလဲမြင်ရော
လက်မြှောက်ပြရင်းနဲ့မှ

“ပြန်လိုက်ပို့ပေးမယ်.....”

“နေပါစေ....”

ပန်ဆင် လှမ်းထွက်သွားရန်ပြင်တော့
ရိပ်ခနဲအနားကိုရောက်လာတဲ့သူက
ပန်ဆင့်လက်ကောက်ဝတ်လေးကိုဆွဲကိုင်လိုက်ရင်းမှ

“မငြင်းပါနဲ့ မင်းကိုငါခေါ်လာတာမို့
ပြန်ပို့ရမဲ့တာဝန်ရှိနေတယ်.....”

သူကလက်ကောက်ဝတ်ကိုခပ်ကြိတ်ကြိတ်ဖိကာ
ခေါ်သွားတာမို့ အကျယ်အကျယ်မဖြစ်ချင်တဲ့ပန်ဆင်
မသိမသာသူ့ကားဆီပါသွားရသည်။

“တက်...”

“နေပါစေလို့ပြောနေတယ်လေ....”

ကွက်ကြည့်ကွက်ကြည့်နဲ့တီးတိုးပြောနေတဲ့
ဝန်ထမ်းတွေကိုကြည့်ရင်းပန်ဆင်ရှက်လာသလို
အခုထိလက်ကိုဖြုတ်မပေးတဲ့သူ့ကြောင့်
စိတ်ကတိုလာရသည်။
ပန်ဆင်ကမင်းသမီးတစ်ယောက်ဆိုတာ
သူမေ့နေတာလား

“ကျစ် ခေါင်းမမာနဲ့ တက်မြန်မြန်.....”

သူကအတင်းတက်ခိုင်းနေတာကြောင့်
မတတ်သာတဲ့အဆုံးသူ့ကားပေါ်ကိုပန်ဆင်
ရောက်သွားရ၏။
အမြန်ပင်မှန်ကိုတင်လိုက်ရင်းခါးပတ်ပတ်နေတော့
သူကဝင်လာရင်းမှ ပန်ဆင့်ကိုကြည့်၍

“မင်းကိုညနေစာလိုက်ကျွေးမယ်....”

မလိုဘူးလို့ပြောတဲ့စကားကအရှိန်နဲ့ထွက်လိုက်တဲ့
ကားပေါ်မှာပျောက်ရှသွားရသည်။

......

“လာ.....”

စားသောက်ဆိုင်ကြီးကကြီးတာကြောင့်
ပန်ဆင် ဝင်ဖို့ရာမဝံ့မရဲ...။
အိတ်ထဲမှာဆောင်လာမိတဲ့maskကို
ထုတ်တပ်တော့သူက ပန်ဆင့်ကိုကြည့်ကာ
ပြုံးလိုက်ရင်းမှ

စည်းများခြားသော် {Complete}Donde viven las historias. Descúbrelo ahora