UNICODE
စည်းများခြားသော်***
Segment 14
ခမ်းနား ကုမ္ပဏီကပြန်လာတော့
Market ဝင်ရင်းမှ ရောင်စုံဖယောင်းတိုင်ခွက်နဲ့အတူ
ပန်းစည်းတွေထားတဲ့ဘက်ကိုလျှောက်လာခဲ့သည်။“အစ်ကို ချစ်သူအတွက်ပေးမလို့လားဟင်....”
လာမေးတဲ့အရောင်းဝန်ထမ်းကောင်မလေးကြောင့်
ခမ်းနား အို့တို့အန်းတန်းဖြစ်သွားရ၏။
သို့ပေမဲ့ ဇနီးနဲ့ချစ်သူဆိုတာလဲ ဘာမှသိပ်မကွာတာကြောင့် ခမ်းနားခေါင်းညိမ့်လိုက်တော့
ထိုကောင်မလေးက အဖြူရောင်နှင်းဆီပန်းစည်းလေးကိုညွှန်ပြရင်းမှ“ဒီပန်းစည်းလေးက ရိုးရှင်းတဲ့အချစ်လို့
အဓိပ္ပါယ်ရတာကြောင့် အတွဲတွေလက်ဆောင်အဖြစ်
ပေးရင်အသင့်တော်ဆုံး ပန်းအမျိုးအစားပါ.....”“အင်း အဲ့လိုဆိုပေမဲ့ ကျွန်တော့ကို
အဖြူရောင် ကျူးလစ်ပန်းတစ်စည်းပဲပေးပါ.....
ပြီးတော့သေချာလှလှလေးထုပ်ပေးနော်....”“အော် ဧကန္တအစ်ကို့ရဲ့ကောင်မလေးက
အစ်ကို့ကိုစိတ်ဆိုးနေလို့ဖြစ်မယ်
ကျူးလစ်ပန်းဖြူက တောင်းပန်တာကို
ကိုယ်စားပြုတာဆိုတော့လေ....”“အင်း....”
သူပြန်ဖြေလိုက်တော့မှထိုကောင်မလေးက
ပြုံးရင်းထွက်သွား၏။
ခမ်းနား တစ်ဆိုင်လုံးသင်းနေတဲ့ပန်းနံ့တွေကို
အသက်တစ်ဆုံးရှုသွင်းလိုက်ရင်း
နှစ်နှစ်ခြိုက်ခြိုက်ပြုံးလိုက်မိသည်။မွန်သွေးကပန်းမကြိုက်တာကြောင့်
ဒီပန်းစည်းဟာ မိန်းကလေးတစ်ယောက်ကိုပထမဆုံး
ပေးခဲ့ဖူးတဲ့ပန်းလက်ဆောင်ပဲ....
သို့ပေမဲ့ ကံမကောင်းစွာနဲ့တောင်းပန်ဖို့အတွက်
ဖြစ်နေတာပေါ့!!!
YOU ARE READING
စည်းများခြားသော် {Complete}
Romance"ရှင်ပဲကျွန်မတို့ကြားစည်းခြားခဲ့တာမလား...." "အဲ့တာဘာဖြစ်လဲ စည်းဆိုတာငါကနေဖြစ်လာရင် ငါကိုယ်တိုင်ကအဲ့စည်းကိုဖျက်မယ်..." "ရှင် လူလည်မကျနဲ့...." #နွေနှောင်းငယ်