*10*

3.9K 81 1
                                    

UNICODE

К сожалению, это изображение не соответствует нашим правилам. Чтобы продолжить публикацию, пожалуйста, удалите изображение или загрузите другое.

UNICODE

စည်းများခြားသော်***

                Segment 10

ပန်ဆင် မနက်ခင်းနိုးလာတော့
သူကရှိမနေတော့ကာ ဆိုဖာပေါ်က
ခပ်မြန်မြန်ထ၍ နာရီကိုကြည့်လိုက်မိတော့
၅နာရီထိုး...။

လေ့ကျင့်ခန်းလုပ်ရန်မမှီတော့တာကြောင့်
ပန်ဆင် ရေချိုးခန်းထဲဝင်ကာ ရေချိုး၍ပြန်ထွက်လာခဲ့သည်။

ထို့အတူ စားပွဲပေါ်မှာတွေ့လိုက်ရတာက
နွားနို့တစ်ခွက်နဲ့အတူ ကင်ပြီးသား
ပေါင်မုန့်ယိုသုတ်နှစ်ချပ်.....။

ပန်ဆင် ခေါင်းကိုသုတ်နေတဲ့လက်တွေ
ရပ်တန့်သွားရကာ.....အံ့ဩသွားမိသည်။
ဒါတွေကိုသူကိုယ်တိုင်လုပ်သွားပေးတာလား.....။

ပန်ဆင် တွေးနေတုန်းမှာအားသွင်းထားတဲ့
ဖုန်းကနေတောင်ခနဲမက်ဆေ့ဝင်လာတာကြောင့်
ကြည့်လိုက်တော့ သူမှန်းသိကာပန်ဆင်
ဖုန်းဖွင့်ကြည့်လိုက်မိ၏။

“ငါ့အလုပ်ကိုလက်ခံပေးတဲ့အနေနဲ့
မင်းအတွက်မနက်စာပြင်ပေးတာ
ကောင်းကောင်းစားလိုက်အုံး.....”

“ဟွန်း အလိုရှိမှအချိုသတ်ပြတာ
လက်ခံစရာလား.....”

ပန်ဆင် ပေါင်မုန့်နဲ့နို့ကိုအမှိုက်ပုံးထဲသွန်ပြစ်ခဲ့ကာ
ရေသုတ်လက်စနှင့်အခန်းထဲပြင်ဝင်လာခဲ့သည်။
ကိုယ့်ဘက်ကကောင်းနေတုန်းလှည့်မကြည့်ရင်
အဲ့ဒီ့လူကပန်ဆင့်ရန်သူပဲ....။

အတွေးတို့နဲ့အတူပန်ဆင့်မျက်ဝန်းအိမ်လေးတွေ
ကျဉ်းမြောင်းသွားကာ မကြာခင်ရောက်တော့မဲ့
၂၄ရက်ကိုမြင်ယောင်ရင်းမဲ့ပြုံးလိုက်မိ၏။

ပန်ဆင်ကသဘောလဲကောင်းသလို
အငြိုးလဲကြီးတယ်.....။
တွေ့ကြသေးတာပေါ့ ကိုခမ်းနားထည်ဝါ.....။

စည်းများခြားသော် {Complete}Место, где живут истории. Откройте их для себя