UNICODE
စည်းများခြားသော်***
Segment 24 {Ending}
"ဝအောင်စားကြနော်....မင်းတို့လာမယ်ဆိုလို့သာ
ဖြစ်သလိုလေးအမြန်လုပ်လိုက်ရတာ....."ဖြစ်သလိုလေးသာပြောတယ် ကြက်သား
ငါးနဲ့ ပဲအချဉ်ဟင်းက ဟင်းပွဲကြီးတွေသဖွယ်
ဝင့်ထည်နေသည်။"ဟုတ်တယ် သူကညစာစားခါနီးမှကပ်ပြီး
မာမီတို့ဆီသွားစားမယ်ဆိုလို့ ဗရုတ်သုတ်ခဖြစ်ကုန်တာ ဒီတိုင်းဆိုပန်ဆင်လဲဟိုကနေနည်းနည်း
ပြင်ဆင်ခဲ့လို့ရတယ်......""နေပါစေသမီးရယ် မာမီလဲမပင်ပန်းပါဘူး....
ကြက်သားလေးထပ်ချက်လိုက်ရုံပဲ
ကျန်တာကသမီးဒယ်ဒီစားချင်တယ်ဆိုလို့
နေ့လည်ကပဲချက်ထားတာ.....""ဘာပဲဖြစ်ဖြစ်ကျေးဇူးပါအန်တီ
ကျွန်တော်တို့နှစ်ယောက်ထဲကျတော့ပျင်းတာနဲ့
ဒီကိုလာခဲ့လိုက်တာ.....""သားရယ် အန်တီခေါ်ပြန်ပြီ
ဘေးတစ်စိမ်းတွေကျနေတာပဲ....
မာမီဆိုမာမီပေါ့ကွယ် ဘေးဆန်လိုက်တာ.....""အော် ဟူတ်ကဲ့ပါ
မာမီ....."ရဲဆေးတင်ရင်းခေါ်လိုက်ပေမဲ့
သဘောကျသလိုရီလိုက်တဲ့သူမကြောင့်
သူ့မျက်နှာရဲတွတ်သွားရ၏။"ချစ်စရာကောင်းလိုက်တာနော်
ရှက်သွားတာလားအဲ့ပုံက.....""ဗျာ မ မရှက်ပါဘူး
ရှက်စရာလား....."ပြောကာဖြင့်အရှက်ပြေအားရပါးရသောက်လိုက်တဲ့
ဟင်းချိုကပူနေတာကြောင့်ထွီးခနဲထွေးချင်တာကို
မြိုသိပ်ကာ အပူကြီးကိုပဲကျက်နေအောင်
ပြန်မြိုချလိုက်ရသည်။သတိထားပုံရတဲ့သူမကရေခွက်ကမ်းပေးတာကြောင့်
ခမ်းနား အငမ်းမရသောက်လိုက်မိရင်းမှ
ပါးစပ်ကိုဟတယ်ဆိုရုံလေး လေတွေအထဲ
သွင်းလိုက်မိ၏။
တော်တော်ကိုဒုက္ခပေးတဲ့ဟင်းချိုပါ!!!လေးယောက်သားထမင်းစားကြရင်းမှ
သူမအဖေဘက်ကစကားတွေစလာတာကို
သတိထားမိသည်။
ပထမတစ်ခေါက်သူပါလာတုန်းက
စိုးစိမျှမပြောပဲနဲ့ယခုတစ်ခါ မနားတမ်းပြောနေတော့
သူ့ကိုမီးစိမ်းပြပြီဆိုတာ သိသွားရ၏။

YOU ARE READING
စည်းများခြားသော် {Complete}
Romance"ရှင်ပဲကျွန်မတို့ကြားစည်းခြားခဲ့တာမလား...." "အဲ့တာဘာဖြစ်လဲ စည်းဆိုတာငါကနေဖြစ်လာရင် ငါကိုယ်တိုင်ကအဲ့စည်းကိုဖျက်မယ်..." "ရှင် လူလည်မကျနဲ့...." #နွေနှောင်းငယ်