*17*

4.2K 87 1
                                    

UNICODE

Oups ! Cette image n'est pas conforme à nos directives de contenu. Afin de continuer la publication, veuillez la retirer ou télécharger une autre image.

UNICODE

စည်းများခြားသော်***

                Segment 17

“နှစ်ဖက်မိဘတွေသဘောတူတဲ့အတိုင်း
ကိုယ်တို့ကလေးယူကြရင် ကောင်းမလားလို့.....”

“ဟင်....”

သူ့အပြောကြောင့် ပန်ဆင်လန့်သွားရုံအပြင်
ခပ်ဖိဖိချုပ်ထားတဲ့သူ့လက်တွေကြား
မရုန်းသာမလွန့်သာအနေအထားရောက်နေရ၏။

သူကတော့ပန်ဆင့်ကိုခပ်ရိရိကြည့်ရင်းမှ
မျက်ဝန်းနက်နက်လေးထဲတစ်ဖန်စိုက်ကြည့်၍

“သူတို့ပြောတာလဲမှန်တယ်နော်
ကိုယ်တို့အသက်ကငယ်တော့တာမဟုတ်ဘူး
မြန်မြန်ကလေးယူပြီး ပျော်ရွှင်တဲ့မိသားစုဘဝ
ထောင်ရင်ကောင်းမယ်.....”

“ဟင့်အင်း ကျွန်မအဆင်သင့်မဖြစ်သေးဘူး
ပြီးတော့ ကမ်းလှမ်းထားတဲ့ဇာတ်ကားတွေလဲ
ရှိသေးတယ်.....”

ပန်ဆင်ပြောလဲပြော သူ့ကိုမျက်နှာလွှဲ၍ လက်ထဲက
အတင်းရုန်းထွက်ပေမဲ့ မလွှတ်ပေးတဲ့သူက
ပန်ဆင့်မျက်နှာလေးကိုသူ့ဘက်ရောက်အောင်
ဆွဲထားပြန်ရင်းမှ

“ဇာတ်ကားဆိုတာဘယ်အချိန်ရိုက်ရိုက်ရတာပဲ
ကလေးယူဖို့ကပိုအရေးကြီးတာလို့ကိုယ်ထင်တယ်...”

ပြောပြီးတာနဲ့တဖြည်းဖြည်းနဲ့ငုံ့ကျလာတဲ့
သူ့မျက်နှာကြောင့် ပန်ဆင်လက်လေးကို
လိမ်ကျစ်ရင်းမှ မျက်နှာကိုဖြေးဖြေးချင်း
လွှဲမိသည်။
ထိုအခါ ပါးရိုးနားမှာခပ်နွေးနွေးခံစားလိုက်မိတာက
သူ့ရဲ့အသက်ရှုသံဆိုတာပန်ဆင် ခံစားလိုက်မိ၏။

“ဘာလို့လဲ.....”

ထိုအတိုင်းထိကပ်ထားတဲ့မျက်နှာကို
ပြန်မခွာသွားသေးတဲ့သူက
မေးတာကြောင့် ပန်ဆင် လက်သီးဆုပ်လေးကို
သူ့ရင်ဘတ်မှာကပ်ရင်း ခပ်လွန့်လွန့်လေးရုန်းမိကာ

စည်းများခြားသော် {Complete}Où les histoires vivent. Découvrez maintenant