*16*

3.9K 94 1
                                    

UNICODE

Ups! Ten obraz nie jest zgodny z naszymi wytycznymi. Aby kontynuować, spróbuj go usunąć lub użyć innego.

UNICODE

စည်းများခြားသော်***

                Segment 16

“ကဒ် မင်းသားရယ် ဘယ်လိုဖြစ်လို့အဲ့လောက်
ကပ်နေတာလဲ မင်းသမီးကိုနမ်းမိတော့မယ်...”

“သူဌေး နမ်းမိမှာမဟုတ်ဘူး သူတို့နှစ်ယောက်
နှုတ်ခမ်းချင်းထိရုံ simple kiss လေး
လုပ်ရမှာပေါ့နော် အဲ့တော့နမ်းရမှာပါ....”

“ဘယ်လို ပြောတော့အစားထိုးတယ်ဆို....”

“ဟို အဲ့တာကနည်းနည်းကြမ်းတဲ့အခန်းတွေပါ
သူဌေး အခုဟာကချစ်သူနှစ်ဦး ရိုးရိုးအနမ်း....”

“ချစ်သူမကလို့ဘာကြီးပဲဖြစ်ဖြစ်
နမ်းတာကိုဖြုတ်လိုက်....ကျစ် ကြာတယ်
လမ်းတွဲလျှောက်တာကနေဒီအခန်းထိ
တစ်ခုလုံးကိုဖြတ်လိုက်တော့.....”

“ဗျာ....”

ရိုက်ရမှာက ဒီအခန်းလေးပဲကို
ဒါကိုဖြုတ်ဆိုတော့ ဒါရိုက်တာကြီးရူးပြီလေ....။

ပန်ဆင်လဲသူ့အပြောကြောင့် စိတ်ရှုပ်သွားပုံနှင့်
မျက်မှောင်ကြုတ်မိ၏။
သူဘာကြောင့်နှောင့်နှေးအောင်လာဝင်ရှုပ်နေတာလဲ??

မင်းသားမျက်နှာကဒေါသတွေကိုချုပ်တည်းကာ
စိတ်မရှည်ပုံမို့ ပန်ဆင် ဒါရိုက်တာဘက်ကို
လှည့်ရင်းမှ

“ဒါရိုက်တာကြီး ပန်ဆင်တို့ဆက်ရိုက်မယ်....”

“ဦးထိပ်ပန်ဆင်....”

သူခေါ်လိုက်တော့သူမက မျက်နှာတင်းသွားရင်းမှ

“ကိုခမ်းနားထည်ဝါ ကျွန်မတို့အလုပ်ကို
နှောင့်နှေးအောင်လာမလုပ်ပါနဲ့....”

ပန်ဆင်အော်လိုက်တော့ ဒါရိုက်တာကြီးအပါအဝင်
ရိုက်ကွင်းကလူအကုန်ပါးစပ်အဟောင်းသား
ဖြစ်ကုန်ရ၏။
ကိုယ်တိုင်ကဘုရင်တစ်ပါးလိုဆက်ဆံပေမဲ့
ပန်ဆင်ကအားရှိပါးရှိအော်လိုက်တော့
ဒါရိုက်တာကြီး ပိုလို့တောင်သေချင်သွားရသည်။

စည်းများခြားသော် {Complete}Opowieści tętniące życiem. Odkryj je teraz