UNICODEစည်းများခြားသော်***
Segment 8
“မင်းနဲ့ငါ့ကြားမှာလင်မယားမဟုတ်တဲ့
စည်းတစ်ခုခြားလိုက်ရအောင် အခုလို
အခြေအနေမှာ ငါပင်ပန်းလာပြီ.....”ပြောပြီးထွက်သွားတဲ့သူ့ကျောပြင်ကိုကြည့်ရင်း
ပန်ဆင် ဝမ်းနည်းမှုက တစ်ပြေး၏။
ကိုယ်ကအရာအားလုံးခဝါချပြီး သူ့ကို
အလျော့ပေးကာမှ ဆောက်နဲ့ထွင်းလိုက်သလို
ခံစားချက်ကိုတောင်မငဲ့ကွက်ပဲပြောရက်လိုက်တာ....ချက်ထားတဲ့ဟင်းတွေကိုကြည့်ရင်း
ရစ်ဝဲလာတဲ့မျက်ရည်စတွေကိုသိမ်းကာ
ပန်ဆင် ပန်းကန်တွေကိုလင်ပန်းပေါ်တင်ရင်းမှ
ဓာတ်လှေကားဆီလျှောက်လာခဲ့၏။
မစားရင်နေပါစေ စေတနာတနင့်တပိုးထည့်ချက်ပေးထားတာကို သူမစားရင်လျှံထက်ပိုင်ကိုပဲ
ကျွေးလိုက်မယ်....။ပန်ဆင် ၁၅လွှာကိုဆင်းရင်း
အခန်းရှေ့ရောက်တော့ တံခါးခေါက်လိုက်တဲ့အခါ
လျှံထက်ပိုင်ကလာဖွင့်ရင်းမှ ပန်ဆင့်ကိုလဲတွေ့ရော
မျက်နှာဝင်းပသွား၍“အစ်မ ဟင်းပန်းကန်တွေနဲ့
ဘယ်သွားမလို့လဲ....”“ဘယ်မှမသွားဘူး မင်းဆီလာတာ....
ထမင်းစားပြီးသွားပြီလား.....”စားပြီးသွားပြီပေမဲ့ သူ့အတွက်များ
ဟင်းလာပေးတာလားဆိုတဲ့အတွေးနဲ့အတူ
လျှံထက်ပိုင်ခေါင်းကိုအလျှင်အမြန်ယမ်းလိုက်ကာ“ဟင့်အင်း ကျွန်တော်မစားရသေးဘူး.....”
“ဟုတ်လား အဲ့တာဆိုဒီနေ့ဟင်းတွေပိုချက်မိလို့
မင်းမစားရသေးရင်အစ်မချက်ထားတာနဲ့စားလိုက်နော်....”
ESTÁS LEYENDO
စည်းများခြားသော် {Complete}
Romance"ရှင်ပဲကျွန်မတို့ကြားစည်းခြားခဲ့တာမလား...." "အဲ့တာဘာဖြစ်လဲ စည်းဆိုတာငါကနေဖြစ်လာရင် ငါကိုယ်တိုင်ကအဲ့စည်းကိုဖျက်မယ်..." "ရှင် လူလည်မကျနဲ့...." #နွေနှောင်းငယ်