*7*

3.4K 72 0
                                    

UNICODE

Ups! Gambar ini tidak mengikuti Pedoman Konten kami. Untuk melanjutkan publikasi, hapuslah gambar ini atau unggah gambar lain.

UNICODE

စည်းများခြားသော်

         Part 7

“မင်းကငွေမက်တဲ့မိန်းမပဲ ဦးထိပ်ပန်ဆင်.....”

“ရှင်‌ဘာပြောတာ.....”

သော့လေးတစ်ချောင်းကြည့်တာကို
ငွေမက်တဲ့မိန်းမဆိုတော့ ပန်ဆင်စိတ်က
ထောင်းခနဲဖြစ်သွား၏။

“ရှင်ကကျွန်မကိုငွေမက်တယ်ပြောရအောင်
ဒီသော့ကဘာသော့မို့လို့လဲ.....”

“အဲ့တာငါ့မီးခံသေတ္တာသော့
မင်းကမသိချင်ယောင်ဆောင်တဲ့နေရာမှာတော့
ပထမပဲနော် အဟွန်း အဲ့တာကြောင့်
နာမည်ကြီးသရုပ်ဆောင်ဖြစ်လာတာနေမယ်.....”

ကိုယ့်ရဲ့ဝါသနာပါရာကိုအခုလို
မကောင်းတဲ့နည်းနဲ့စော်ကားလိုက်တာကြောင့်
ပန်ဆင် ဆတ်ခနဲထကာ သူ့နားကိုတမဟုတ်ချင်းရောက်သွားရသည်။

“ရှင့်မှာမီးခံသေတ္တာရှိမှန်းတောင်ကျွန်မမသိဘူး...
လာမစွပ်စွဲနဲ့.....”

“စွပ်စွဲတာမဟုတ်ဘူး အမှန်ပြောတာ
မင်းတို့မိန်းမတွေကလေ သူများကိုညာရမယ်
ဆိုရင် ပထမပဲနော်....”

“ရှင်ကျွန်မကိုတစ်ခြားသူတွေနဲ့
လာမနှိုင်းနဲ့ သူတို့ကကျွန်မမဟုတ်သလို
ကျွန်မကလဲသူတို့မဟုတ်ဘူး လူတိုင်းမှာ
သူ့စာရိတ္တနဲ့သူရှိတယ်.....”

“ဟုတ်လား အဲ့တာဆိုမင်းဘာကြောင့်
ငါ့ကိုလက်ထပ်ခဲ့လဲ??....
မင်းလိုမင်းသမီးတစ်ယောက်က
တစ်ခါမှတောင်မတွေ့မမြင်ဘူးတဲ့
ယောင်္ကျားတစ်ယောက်ကိုအလွယ်တကူ
ခေါင်းညိမ့်လိုက်တယ်ဆိုထဲက
အဲ့လူရဲ့စည်းစိမ်ဉစ္စာတွေကိုမင်းမက်မောလို့ပဲပေါ့....”

စည်းများခြားသော် {Complete}Tempat cerita menjadi hidup. Temukan sekarang