*11*

5K 103 3
                                    

UNICODE

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


UNICODE

စည်းများခြားသော်***

                Segment 11

ခမ်းနား စိတ်ရှုပ်ခြင်းတွေနဲ့အတူ
သက်ပြင်းတစ်ချက်ကိုချလိုက်မိရင်းမှ
ကိုယ်လုပ်ခဲ့တာတွေကိုပြန်တွေးမိ၏။
သူ့တုန်းကအမြင်ကပ်လို့တမင်သူမကို
အပြစ်ပေးခဲ့တာဆိုပေမဲ့ အခုလိုပြန်ခံလိုက်ရတော့
စိတ်ထဲမှာတင်းကျပ်ကျပ်ကြီးရယ်.....။

ဝဋ်ပြန်လည်တယ်ဆိုရင်တောင် မှန်ပါလိမ့်မယ်...။
တွေးနေတုန်းမှာ ဖုန်းမြည်လာတာကြောင့်
ကြည့်လိုက်တော့ ခန့်နောင်ဆီကဖြစ်ကာ
ခမ်းနားထုတ်ကိုင်လိုက်လေ၏။

“သူဌေး ကျွန်တော်ကိုနိုင့်ကိုတောင်းပန်ပြီး
မနက်ဖြန်ညနေလောက်ပြန်ရိုက်မယ်လို့
ပြောထားပါတယ် သူကလဲလက်ခံထားပါတယ်သူဌေး...ဘယ်လိုလဲ မင်းသမီးပြောင်းမလား....”

ခန့်နောင်ပြောတာနားထောင်ရင်း ခမ်းနား
အခန်းကိုဝေ့ကြည့်လိုက်ကာ

“ခဏလေး အခြေအနေကိုကြည့်ပြီး
ပြီးရင်ဖုန်းပြန်ဆက်လိုက်မယ်....”

ခမ်းနား ဖုန်းချလိုက်ရင်းအခန်းထဲဝင်လာခဲ့တော့
ဆံပင်ရပ်ဖြီးနေတဲ့သူမကိုမြင်လိုက်ရ၏။
ဖရိုဖရဲဖြစ်နေတဲ့ရွှေ‌အိုရောင်ဆံပင်တစ်ချို့ကို
လက်နဲ့သေချာပြန်သပ်တင်ရင်းမှ
သူမနားလျှောက်လာခဲ့လိုက်၏။
ဒီလိုအခြေအနေမျိုးမှာသူ့ဘက်ကတင်းနေလို့မဖြစ်ဘူး....ပြီးတော့ သူမကသူ့ကိုမရိုးမသားမလုပ်ဘူးဆိုတာလဲသူယုံတယ်....

“ဦးထိပ်ပန်ဆင်.....”

သူခေါ်လိုက်တော့ဗီဒိုရဲ့မှန်ကြီးကတစ်ဆင့်
ကြည့်လာရင်းမှ အကြည့်ပြန်လွှဲသွားတာကြောင့်
ခမ်းနား ဘောင်းဘီအိတ်ကပ်ထဲကိုလက်တစ်ဖက်ထည့်လိုက်ကာဖြင့်.....

စည်းများခြားသော် {Complete}Where stories live. Discover now